The God King (part21)

74 10 0
                                    

လတွေအလီလီကုန်ဆုံးလာခဲ့ပြီးမိုးဦးရာသီသို့ရောက်လာခဲ့လေသည်။မိုးတွေတဖွဲဖွဲရွာသွန်းနေသောကောင်းကင်တစ်ခွင်ဟာမဲမှောင်အုပ်မှိုင်းလို့နေကာသည်းကြီးမဲကြီးရွာချသောမိုးများကြောင့်ပတ်၀န်းကျင်ရှိသစ်ပင်ကြီးများသစ်ပင်ငယ်များဟာစိုစွတ်လျက်သစ်ကိုင်းမှာနားခိုနေကြသောငှက်မောင်နှံတို့အားနားခိုစရာမဲ့ကာအ၀ေးသို့ပျံသန်းလွှင့်မျောသွားကြသည်ကိုအကြောင်းမဲ့ငေးနေမိသောလူတစ်ယောက်ရှိလေသည်။ထိုလူက၀သုန်ပင်...

နန်းတော်ရင်ပြင်မှာနေရတာကြာတော့ပျင်းလာသည်နှင့်ပတ်၀န်းကျင်ကိုခံစားခွင့်ရအောင်မြင်ကွင်းကျယ်ကျယ်မြင်တွေ့ရသောမျှော်စင်တိုက်ကြီးဆီသိူ့ဦးတည်ရောက်လာခဲ့လေသည်။

လွန်ခဲ့တဲ့၄လခန့်ကနန်းတော်မှာအမှုကြီးတစ်ခုဖြစ်ခဲ့လေသည်။

အမတ်ကြီး၀ေခ၏ပူးပေါင်းကြံစည်မှုကိုသိရှိသွားသောအရှင်မဟာရန်သူအပေါင်းတို့အားအကျဥ်းချထားကာတောင်စွယ်မှာနေကွယ်သည်နှင့်လူသတ်ကုန်းမှာခေါင်းပြတ်သတ်စေဟုအမိန့်တော်ပေးခဲ့လေသည်။

အမတ်ကြီး၀ေခရဲ့နောက်ဆုံးချိန်မှာတောင်အရှင်မကသူမ၏ဦးရီးတော်ခဲ့သူကအခုလိုလုပ်လိမ့်မည်မထင်ထားခဲ့ပါသူမယုံကြည်ရသူကအခုလိုရန်သူ၏သူလျှိုဖြစ်နေသည်မှာအရမ်းစိတ်ပျက်ဖို့ကောင်းသည်ဟုပြောပြီးသူမကိုယ်တိုင်ခေါင်းဖြတ်သတ်ပစ်ခဲ့လေသည်။

တိုင်းပြည်အရေးကထင်သလောက်မရိုးရှင်းပေ။သွေးမြူရိပ်တောင်ဓားပြတွေကမထင်တဲ့ပြသနာတွေကိုဖန်တီးတတ်သည်။၀သုန်အရှင်မ၏သက်တော်စောင့်ဖြစ်တာ၀န်ထမ်းဆောင်နေရချိန်မှာအရှင်မအားလာရောက်တိုက်ခိုက်ကြသည်။

ကိုယ်ရံတော်၂ဦးကနယ်ဘက်တွေမှာတာ၀န်ယူနေရတာကြောင့်အရှင်မ၏အသက်အန္တရာယ်ကို၀သုန်ကသာစောင့်ရှောက်ခဲ့ရသည်။

လှထွေးနဲ့ခင်မောင်ကတော့အရှင်မအမိန့်တော်နှင့်ရန်သူနယ်မြေဖြစ်သော
ပစ္စလီကာတိုင်းသို့လျို့၀ှက်၀င်ရောက်ရန်ဖြစ်လာခဲ့လေသည်။

ဘိုးထေနဲ့ညီခင်ကိုတော့သွေးမြူရိပ်တောင်သို့သွားကာဓားပြတို့၏လှုပ်ရှားမှုကိုစောင့်ကြည့်စေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now