The God King (part25)

94 13 0
                                    

''ကိုခင်မောင်!!!လှထွေး!!!''လှထွေးတော့လည်းလိပ်ပြာအားလူတစ်ယောက်လိုမြင်လိုက်ရတော့အံ့သြသွားလေသည်။

''လိပ်ပြာ!!!နင်..နင်မသေဘူး...တကယ်ဘဲနင်မသေဘူးဘဲ...''

လှထွေးတစ်ယောက်အံ့သြခြင်းနဲ့အတူကို၀သုန်အတွက်လည်း၀မ်းသာသွားလေသည်။လိပ်ပြာမရှိတော့ဘူးဆိုကတည်းကကို၀သုန်တစ်ယောက်အရင်လိုမတက်ကြွတော့ဘဲတမှိုင်မှိုင်တထွေထွေနဲ့ဖြစ်နေလေသည်။တခါတလေတစ်ယောက်ထဲစကားပြောနေတာလိပ်ပြာသရဲဖြစ်ပြီးကို၀သုန်နောက်ကိုလိုက်လာလေသလားတွေးမိတိုင်းညဘက်ဆိုကို၀သူန့်အနားတောင်မကပ်ရဲပေ။အခုလိုလိပ်ပြာအားမသေဘဲပြန်တွေ့ရတာကြောင့်လှထွေးတစ်ယောက်ကို၀သုန်အတွက်ပျော်ရွှင်နေမိသည်။

''လှထွေး၀သုန်ရောဟိုမှာအဆင်ပြေရဲ့လားဟင်''

''ကို၀သုန်ကတော့လိပ်ပြာမရှိတော့ဘူးအထင်နဲ့အခုချိန်ထိတစ်ယောက်ထဲပူဆွေးနေတာ..''

လှထွေးစကားကြောင့်လိပ်ပြာ၀သုန့်အားသနားမိသွားလေသည်။၀သုန်သူမကြောင့်၀မ်းနည်းရတာလားတောင်းပန်ပါတယ်၀သုန်ရယ်...

''လိပ်ပြာနင်အခုလိုအသက်ရှင်နေတာကို၀သုန်သိရင်အရမ်းပျော်မှာဘဲ...''

''၀သုန်ကဘာလို့နင်တို့နဲ့လိုက်မလာတာလဲ.ကျန်တဲ့သူတွေရောဘဲကိုဘိုးထေနဲ့ညီခင်တို့ရောသူတို့လည်းဟိုမှာနေခဲ့တာလား''

''မဟုတ်ဘူးနှမ..၀သုန်ကနန်းတော်အရှင်မရဲ့သက်တော်စောင့်အနေနဲ့ကျန်ရစ်ခဲ့တယ်...ဘိုးထေနဲ့ညီခင်ကတော့အရှင်မအမိန့်အရသွေးမြူရိပ်တောင်ကိုခရီးထွက်သွားတာ...''

''သွေးမြူရိပ်တောင်...''

လိပ်ပြာထိုနာမည်ကိုကြားလျှင်ဒေါသတို့ကပိုတိုးလို့ထွက်လာခဲ့လေသည်။

သူတို့တွေကြောင့်အဘသေခဲ့ရတာ..

''နှမကသိနေတာလားအဲတောင်အကြောင်းကို''

''သိတာပေါ့ရင်ထဲအသည်းထဲထျနာကျငိအောင်မုန်းနေတာ..လက်စားချေလို့ရရင်သူတို့တွေကိုအကုန်လက်စားချေမှာ...''

''နှမကဘာလို့ဒေါသထွက်နေရတာလဲ..သွေးမြူရိပ်တောင်ဓားပြတွေနဲ့ရန်ငြိုးရှိနေခဲ့တာလား''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now