The God King (part57)

75 11 0
                                    

လိပ်ပြာလက်ကိိုယခုချိန်ထိဆုတ်ကိုင်ထားသော၀သုန့်အား''၀သုန်ငါမှာအလုပ်ရှိသေးတယ်..အရှင်မအပြစ်ပေးလိမ့်မယ်''

''ငါမနက်ကတည်းကနင့်ကိုတွေ့ချင်နေခဲ့တာလိပ်ပြာ...''

''ငါတို့တွေကမတွေ့ကြရတာမှမဟုတ်တာ၀သုန်ရယ်..အရှင်မအပါးမှာကျွန်တယောက်အနေနဲ့ခစားရတဲ့လိပ်ပြာက၀သုန်နဲ့အချိန်တိုင်းမတွေ့နိုင်ဘူးလေ..အရှင်မရဲ့၀ေယျာ၀စ္စတွေကိုလုပ်ပေးနေရတယ်ကွယ့်...''

''ဒါဆိုငါအရှင်မကိုသွားပြောပေးမယ်လိပ်ပြာနင်အခုလိုပင်ပန်းနေရတာငါမကြည့်ရက်ဘူး''

''မပြောပါနဲ့၀သုန်..ငါပင်ပန်းဒဏ်ကိုခံနိုင်တယ်...နင်အရှင်မကိုသွားပြောမှအရှင်မနင့်ကိုရွှေစိတ်တော်ငြိုငြင်ပြီးငါတို့ကိုခွဲမယ်ဆိုနင်နဲ့ငါအခုလိုတောင်အတူနေနိုင်မှာမဟုတ်ဘူး၀သုန်''

''အေးပါဟာ..တိုင်းပြည်အေးချမ်းသွားမှငါတို့တွေနန်းတော်ကနေထွက်ခွာပြီးပျော်ရွှင်စရာမိသားစုအိမ်လေးကိုအတူတည်ဆောက်ကြတာပေါ့လိပ်ပြာရယ်...''

''အဲဒီအချိန်လေးကိုငါမျှော်နေပါ့မယ်၀သုန်...''

''လိပ်ပြာနက်ဖြန်ငါပစ္စလီကာကိုစစ်ချီရတော့မယ်နင်ငါ့အတွက်ကောင်းချီးပေးပြီးစောင့်နေပေးပါလိပ်ပြာ''

''နက်ဖြန်ဆိုသွားရတော့မှာပေါ့...အရှင်မကဘာလို့အလျင်လိုနေရတာလဲ...စစ်ပွဲအတွက်ဘာမှမပြင်ဆင်ရသေးဘဲစစ်တိုက်ဖို့ကိုလောနေတာလား''

''မဟုတ်ပါဘူးလိပ်ပြာရဲ့အရှင်မကစစ်ပွဲအတွက်အမြဲတမ်းအဆင့်သင့်ဖြစ်နေပြီး၇ပြည်ထောင်ကိုတိုက်ဖို့အခြေအနေကိုစောင့်နေခဲ့ရတာအခုတော့ပစ္စလီကာတိုင်းကိုတိုက်ဖို့အချိန်ကျပြီးလေဒါကြောင့်နက်ဖြန်ပစ္စလီကာတိုင်းကိုဦးဆောင်ပြီးထွက်ခွာရမယ်လိပ်ပြာ..''

လိပ်ပြာချစ်သူရင်ခွင်ထဲ၀င်ရောက်ရင်းပွင့်ဟနေသောအကျီမှပေါ်ထွက်နေသောရင်အုံရဲ့ဘယ်ဘက်ကခြမ်းကိုဖွဖွလေးငုံ့နမ်းလိုက်လေသည်။ချစ်သည်ဒီလူသားကိုလိပ်ပြာရူးရူးမူးမူးသိပ်ချစ်ရပါသည်။

''လိပ်ပြာနင်သူရဆိုတဲ့ကောင်နားမှာမနေပါနဲ့ငါသ၀န်တိုတယ်နင်သူနဲ့၀ေး၀ေးနေပါ...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now