The God King (part97)

78 10 0
                                    

''ခမည်းတော်ဘုရား..''၅နှစ်အရွယ်သားလေးမင်း၀ဿန်ဟာညီလာခံအစည်းအ၀ေးလုပ်နေသောနန်းတော်ထဲသို့ပြေး၀င်လာခဲ့လေသည်။

၀သုန်တစ်ယောက်လုံးလုံးတစ်တစ်လေးနဲ့ပြေးလာသောကိုယ်ပွားငယ်အားပုလ္လင်ထက်မှဆင်းကာပြေးပွေ့လိုက်လေသည်။

''သားငယ်လေးနိုးပြီးလားကွယ့်..မေမေရော..''

''ဟီဟီး..မေမေကမယ်မယ်နဲ့အတူတူမနက်စာစားနေတာသားသားကစားပြီးလို့ခမည်းတော်ဘုရားဆီကိုလာခဲ့တာ...''

''ဟုတ်လားတော်လိုက်တာသားသားက...သားသားညီမလေးရောညတုန်းကငိုနေသေးလား''

''ငိုတော့ဘူး.ညီမလေးကသားသားချော့တိတ်လို့ညကကောင်းကောင်းအိပ်ပျော်သွားတယ်.''မင်း၀ဿန်ဟာသူ၏ဖခမည်းတော်အားညတုန်းကအကြောင်းတွေကိုပြောပြနေစဥ်နန်းတော်ထဲကို၀င်လာသောလိပ်ပြာဟာတုတ်တစ်ချောင်းကိုကိုင်လာလေသည်။

တုတ်ကိုမြင်တော့မင်း၀ဿန်ဟာ၀သုန့်အားအတင်းအကြပ်ဖက်တွယ်ကာ''ခမည်းတော်မေမေတုတ်နဲ့လာနေပြီးသားကြောက်တယ်''

''မင်း၀ဿန်!!!ဘာလို့ပုန်းနေတာလဲလာခဲ့စမ်း...''

''ခမည်းတော်..''၀ဿန်တစ်ယောက်သူ၏ဖခင်အားအကူညီတောင်းနေသောအကြည့်နဲ့လှမ်းကြည့်လာတာကြောင့်၀သုန်ချစ်ဇနီးဘက်သို့လှည့်ကာ''နှမဘယ်လိုဖြစ်လို့သားငယ်ကိုဒေါသထွက်နေရတာလဲမောင်တော်ကိုပြောပြပါ...''

''မောင်တော့်ရဲ့သားငယ်ပေါ့...စည်းမရှိကမ်းမရှိနဲ့...နန်းဆောင်ရဲ့အပြင်ဘက်မှာစိုက်ထားတဲ့နှင်းဆီခင်းကြီးပေါ်ကိုတက်ဆော့ထားတယ်လေ...''

''ဟုတ်လားသားငယ်..''၀သုန်ကသားငယ်ကိုငုံ့ကြည့်ကာမေးလေတော့ခေါင်းငြိမ့်ပြလေသည်။

''ဘာလို့အဲလိုလုပ်ရတာလဲ''

''နှင်းဆီပန်းခင်းကြီးကလှလို့သားသဘောကျပြီးဆော့လိုက်မိတာပါ''

''သားဆော့လိုက်တော့အဆူးတွေမဆူးဘူးလား''

''ဆူးတာပေါ့ဒါပေမယ့်သားသဘောကျတယ်..နှင်းဆီတွေကလှသလောက်နာကျင်တယ်နော်ခမည်းတော်''

၀ဿန်တစ်ယောက်ခမည်းတော်နဲ့စကားနေတုန်းမေမေကအော်ငေါက်လာသည်''မင်း၀ဿန်..သားမှာအပြစ်ရှိလားမရှိဘူးလား..ပြော..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now