The God King (part45)

85 13 0
                                    

''အရှင်မင်းကြီး..အရေးကြီးကိစ္စလျှောက်တင်ပါ့မယ်ဘုရား..အောင်သော၀ေရာကစစ်မက်အင်အား၅သိန်းကျော်နဲ့ပေနု၀ိယာကိုကျူးလာပါတယ်ဘုရား''

အရေးနိမ့်နေချိန်မှာအခွင့်ကောင်းယူတတ်သောအောင်သော၀ေရာကြောင့်နေ၀ိယာဒါမင်းဟာအလွန်အမင်းအမျက်တော်ရှလေပြီး

''တောက်!!!အောင်သော၀ေရာ..ငါ၏တိုင်းကိုအရေးနိမ့်ချိန်မှကျူးကျော်လာခဲ့တယ်...စစ်သူကြီးဟန်လင်းခံစစ်သုံးပြီးအဲဒီမဟာရန်သူတွေကိုတိုက်ခိုက်ချေမှုန်းစေ..''

''မှန်ပါ့ဘုရား...''

''မဟာစောဒေ၀ီ..အမတော်ဘုရားကကျွန်ုပ်ရဲ့တိုင်းကိုကျူးကျော်ဖို့အသင်ကိုယ်တိုင်လုပ်ခဲ့တာဘဲကျွန်ုပ်ရဲ့သွေးသားတော်စပ်သူကကျွန်ုပ်ကိုအရေးနိမ့်အောင်ဆောင်ရွက်သွားခဲ့တယ်..ပေနု၀ိယာတိုင်းကျရှုံးရင်ကျန်တဲ့၆ပြည်ထောင်ကအငြိမ်နေမှာမဟုတ်ဘူး....အောင်သော၀ေရာမကြာခင်ငါတိုင်းလိုပြည်ပျက်ကိန်းစိုက်လိမ့်မယ်မဟာစောဒေ၀ီ...''

နေ၀ိယာဒါဟာအမတော်ဖြစ်သူအားမကျေမနပ်ဖြစ်ကာ.အော်ဟစ်ကြိမ်းမောင်းနေခိုက်..သူ၏အဆောင်တော်ကို၀င်ရောက်လာသော၀သုန်ကိုမမြင်ချေ...

''အောင်သော၀ေရာတိုင်းကိုပြည်ပျက်ကိန်းစိုက်မယ်လို့မင်းကြီးနေ၀ိယာဒါကထင်နေတာလား..''

ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်နေသော၀သုန်ကသူ၏ဓားကိုရင်၀ယ်ပိုက်ကာနေ၀ိယာဒါအားမကြည့်ဘဲမေးလိုက်လေသည်။

''မောင်မင်း..အသင်ကဘယ်သူလဲ..''

''ကျုပ်ကအောင်သော၀ေရာ၏အရှင်မမဟာစောဒေ၀ီရဲ့သက်တော်စောင့်မင်း၀သုန်''

''အော်..မောင်မင်းကကျွန်ုပ်ရဲ့အမတော်ကိုသက်တော်စောင့်လုပ်ပေးနေရသူကိုသတင်းတွေတော့ကြားမိသားဘဲ..မောင်မင်းကကျွန်ုပ်ရဲ့အမတော်နဲ့မေတ္တာမျှနေတယ်ဟုတ်လေစ..''

၀သုန်ဓားကိုထုတ်ကာနေ၀ိယာဒါလည်ပင်းမှာနေရာယူလျက်''အောင်သော၀ေရာရဲ့အရှင်မကမင်းနဲ့ဘယ်လိုဘဲပတ်သက်နေပါစေကျွန်ုပ်ရဲ့အမြင်မှာမင်းဟာအရှင်မနဲ့မဆိုင်ဘူး...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now