The God King (part8)

89 12 0
                                    

၀သုန်ဓားသိုင်းကစားနေသည်ကိုစိုက်ကြည့်နေသောမသစ္စာကြောင့်၀သုန်သူမအားပြန်စိုက်ကြည့်ကာ''အမကျုပ်နဲ့အတူသိုင်းကျင့်ချင်လား''

ရုတ်တရက်ပြောလာသော၀သုန့်ကြောင့်သူမအံ့သြနေမိသည်။

သိုင်းကျင့်တာကအတူကျင့်လို့ရတာလားသစ္စာမသိပေ၊သစ္စာကသိုင်းကျင့်ရတာထက်ဆေးဖော်ရတာကိုသာ၀ါသနာထုံခဲ့သည်။

''၀သုန်လေ့ကျင့်တာအတူတူလုပ်လို့ရတာလား''

၀သုန်ကခေါင်းငြိ့မ်ပြရင်း''ရတာပေါ့...ကျုပ်တို့တွေမောင်နှံ၂ဖော်ဓားသိုင်းကိုလေ့ကျင့်ရအောင်မသစ္စာ''

''မောင်နှံ၂ဖော်ဓားသိုင်း...''

''ဟုတ်တယ်...အဲဒီဓားသိုင်းကချစ်သူ၂ဦးလေ့ကျင့်ရတာလေ...ကျုပ်နဲ့အတူလေ့ကျင့်ချင်လားး''

ချစ်သူလိုလေ့ကျင့်ရမည်ပြောတာကြောင့်သစ္စာရင်ထဲမိုးပြင်းလေပြင်းတိုက်နေတော့မည့်အရိပ်ယောင်တွေနဲ့ရင်တွေတလှန့်လှန့်ခုန်နေတော့သည်။

''တို့ဓားလေ့ကျင့်တာသိပ်မကျွမ်းတော့...အဆင်မပြေဘူးထင်တယ်...''

''အဆင်ပြေအောင်ကျုပ်ကူညီပေးမယ်..လာမသစ္စာ..ကျုပ်ရဲ့ညာဘက်အတိုင်းအမလက်ကိူထားပြီးဓားကိုဆန့်တန်းလိုက်..ပြီးရင်ဓားကိုညာဘက်၀ှက်ပြီးဘယ်ခြေတစ်ဖက်ကိုပင့်တင်ပြီးဘယ်လက်ဘယ်ဘက်သို့ဖြောင့်တန်းလိုက်ပါ''

သစ္စာတစ်ယောက်၀သုန်ပြောသလိုသေချာလေ့ကျင့်ပြီးကာလသူမနဲ့၀သုန်တို့မောင်နှံ၂ဖော်ဓားသိုင်းကိုပျော်ရွှင်စွာဆော့ကစားလေသည်။

၀သုန်သူမအားခါးမှမြောက်ပင့်ပြီးလေဟုန်စီးစေလေသည်၊

သစ္စာ၀သုန်ရဲ့လည်ပင်းကိုလှမ်းဖက်ထားရင်မရပ်တန့်နိုင်သောအပြုံးတို့ကတောကြီး၏အလယ်တွင်၀ေဆာလျက်...၀သုန်နဲ့ရှိနေတဲ့အချိန်တွေကပျော်ရွှင်စရာတွေနဲ့ကြုံတွေ့ခဲ့ရတယ်ကျေးဇူးပါ၀သုန်...

ညနေ၅နာရီအချိန်မှာမှ၀သုန်တို့၂ဦးတောထဲမှပြန်လာခဲ့ကြလေသည်။မသစ္စာကဆေးမြစ်တွေရှာပြီးကျုပ်ကတော့လိပ်ပြာအတွက်သစ်ခွပန်းမျိုးစုံကိုခူးချွတ်နေရသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now