The God King (part50)

92 11 0
                                    

ညနေနေ၀င်ရီသရောအချိန်အခါတွင်နန်းတော်ကိုသွားတဲ့လမ်းအတိုင်းဒယိမ်းဒယိုင်နဲ့လျှောက်လှမ်းလာကြသောလူငယ်၃ယောက်နဲ့သူတို့နောက်ပါး၌လိုက်ပါလာကြသောကိုယ်ရံတော်သက္ကတို့ပင်

''ညနေစောင်းချိန်..ချောင်းစပ်မှာမောင်ကြီးနှမလေးကိုမျှော်နေပါ့မယ်ကွာ..အေ့..ကို၀သုန်...''

''ဟေ့..''

''လိပ်ပြာကိုမလွမ်းဘူးလား..''

''ဟာလွမ်းတာပေါ့ကွ..အေ့..ဒါပေမယ့်ငါသိပ်ချစ်ရတဲ့လိပ်ပြာကတခြားတစ်ယောက်ရင်ခွင်ထဲမှာ..ငါကိုထားသွားပြီး..''

''ဟာကွာ..ကို၀သုန်ရာ..လိပ်ပြာကအဲသလိုလုပ်ပါ့မလား...ကို၀သုန့်ကိုအရမ်းချစ်တာနော်''

''ဟာလိမ်နေတာတွေ..သူကငါ့ကိုချစ်ချင်ယောင်ဆောင်ပြီသူ့ကတခြားရင်ခွင်ထဲမှာကွ..''

၀သုန်ပြောရင်းငိုချလေသည်။

''သူငါ့ကိုမချစ်ဘူးညီခင်ရာ..သူငါ့ကိုလိမ်တယ်...''

''ကို၀သုန်ကို့လိပ်ပြာမချစ်ဘူးဆိုဘာလို့ကိုဘိူးထေနဲ့ကို၀သုန်၀တ်ဖို့အကျီကိုပေးခဲ့မှာလဲ''

''၀သုန်လိပ်ပြာကိုမင်းအထင်လွဲတာဖြစ်နိုင်တယ်...လိပ်ပြာကမင်းကိုအရမ်းချစ်တာကွ..ငါ့အထင်တော့မင်းအထင်လွဲတာဖြစ်မယ်..လိပ်ပြာမင်းအဖို့၀တ်ဖို့ဖျင်အကျီကိုသူမကိုယ်တိုင်ချုပ်ပေးခဲ့တာ...မင်းကို၀တ်စေချင်လို့ငါ့ကိုတောင်သေချာမှာခဲ့သေးတာ၀သုန်ရဲ့''

''ငါမသိတော့ဘူး..လိပ်ပြာငါ့ကိုမချစ်တော့တာသေချာတယ်...တခြားယောကျာ်းရင်ခွင်ထဲမှာသူမရှိနေခဲ့တာဒါပေမယ့်ကွာငါဘာလို့သူ့ကိုမမုန်းနိုင်ဖြစ်နေရတာလဲ...ငါလိပ်ပြာကိုမုန်းချင်တယ်..မုန်းလို့မရဘူး..''

''အဲဒါမင်းသူမကိုချစ်နေတုန်းလို့ဆိုလိုတာဘဲ..လိပ်ပြာကမင်းအပေါ်မှာအေးစက်ပေမယ့်သူမကမင်းကိုစိုးရိမ်နေတတ်တဲ့သူပါကွာ...''

''တော်ပါပြီးငါ့ကိုလိပ်ပြာအကြောင်းမပြောပါနဲ့တော့...အခုဆိုသူမလည်းတခြားသူနဲ့ပျော်ရွှင်နေလို့ငါ့ကိုမေ့လောက်မှာပါ...''

၀သုန့်ပုံစံကနန်းတော်ကိုရောက်လာကတည်းကအရင်ကလိုမျိုးဆိုးပေမိုက်ပေဖြစ်နေပေမယ့်တခါတလေတမှိုင်မှိုင်တထွေထွေနဲ့ဖြစ်နေလေသည်။အရှင်မနဲ့အတူနေတဲ့၀သုန်ကညဘက်အိပ်မက်ဆိုးတွေမက်လို့ဆိုပြီးအိပ်ရေးပျက်တဲ့ညတွေကိုဖြတ်ကျော်ရတယ်တဲ့အရှင်မကိုယ်တိုင်ဘိုးထေတို့ကိုပြောပြခဲ့လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now