The God King (part68)

59 12 0
                                    

''ဒါဆိုအဘကနဂါးပြည်ရဲ့ဥယျာဥ်တော်မှာတရားကျင့်ကြံနေခဲ့တာပေါ့သုခ..''

''ဟုတ်ကဲ့...အိမ်ရှေ့စံကဇနီးဖြစ်သူနန်းကြင်မေဆုံးပါးသွားပြီးကတည်းကအဲဒီမှာဘဲတရားကျင့်ကြံပြီးနေထိုင်လာခဲ့တာပါ...''

၀သုန်သူမအပြောကိုထောက်ခံစွာနဲ့ခေါင်းငြိမ့်လိုက်လေသည်။

''ဒါနဲ့နဂါးမင်းကမင်းတို့၂ယောက်ကိုကျုပ်ဆီကိုကာကွယ်စောင့်ရှောက်ဖို့လွှတ်လာတယ်ဆိုတော့ကျုပ်မှာအန္တရာယ်တစ်ခုခုကျရောက်နေလို့လား...ဒါမှမဟုတ်တခြားကိစ္စတွေကြောင့်လား''

မေသုခရှင်တစ်ယောက်၀သုန်အမေးကိုနားထောင်ပြီးနောက်

''ကျမတို့ကနဂါးမင်းရဲ့အမိန့်တော်အရဒီကိုရောက်လာခဲ့တာပါရှင့်ကိုအနောက်ပိုင်းနဂါးရန်ကနေကာကွယ်ဖို့အတွက်ဘဲဖြစ်လို့ကျန်တဲ့ကိစ္စတွေကိုတော့ကျမတို့မကူညီနိုင်ပါဘူး...''

''အောင်သော၀ေရာအရေးကိုကျုပ်ကူညီတောင်းဖို့စိတ်ကူးမရှိဘူး..အဲဒီအနောက်တိုင်းနဂါးမျိုးနွယ်တွေကဘာလို့ကျုပ်ကိုလိုက်လံဖမ်းဆီးနေရတာလဲ''

''သခင်လေးဆီမှာရှိနေတဲ့နဂါးအမြုတေကြောင့်ပေါ့''

''နဂါးအမြုတေဟုတ်လား..အဲဒါကတန်ခိုးကြီးလို့လိုချင်နေကြတာလား...''

''ဟုတ်တယ်တန်ခိုးကြီးပြီးသြဇာအာဏာတွေပြနိုင်တဲ့အရာပေါ့..ဒါကိုအနောက်တိုင်းနဂါးမျိုးနွယ်တွေကလိုချင်နေကြတာ.အရှင်မင်ကြီးကဒီအမြုတေကိုသူတို့လက်ထဲမရောက်အောင်ကာကွယ်နေရတယ်..''

''အမြုတေကနောက်တိုင်းနဂါးတွေဆီရောက်လို့ရှိရင်ဘာဖြစ်မှာလဲသုခ''

''သခင်လေးကိုယ်ထဲမှာရှိတဲ့အမြုတေကိုသာအနောက်တိုင်းနဂါးမျိုးနွယ်တို့ရသွားခဲ့ရင်နဂါးမျိုးနွယ်စုအားလူံးကပ်ဘေးဆိုက်လိမ့်မယ်...ဒါကြောင့်အမြုတေကိုအနောက်တိုင်းနဂါးမျိုးနွယ်တွေဆီမရောက်အောင်ကာကွယ်စောင့်ရှောက်ရမှာပါ.''

''နားလည်ပြီး..ဒါကြောင့်ကိုးနဂါးတစ်ကောင်ကကျုပ်ကိုဖမ်းခေါ်သွားတာကံကောင်းထောက်မစွာနဲ့ဘဲကျုပ်သူတို့လက်ကနေလွတ်လာပြီးဒီကနွယ်၀ေဆိုတဲ့မိန်းကလေးတို့ကကယ်တင်ခဲ့လို့အခုလိုအသက်ရှင်နေခဲ့တာ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now