The God King (part89)

69 11 0
                                    

''မောင်တော်!!!''

အစောခေါ်လိုက်သည့်အသံကိုမောင်တော်ကကြားသည်အထင်အစောဘက်ကိုလှည့်ကြည့်လာသောမောင်တော်ဟာအရင်ကထက်ပိုပြီူတည်ကြည်ခံ့ညားလာသည်ကိုတွေ့ရလေသည်။..အစောအားပြုံးပြနေသောမောင်တော်ဟာအရင်ကနဲ့မတူခြားနားနေလေသည်။

အစောကိုယ်တိုင်ပင်မသိလိုက်ခင်မှာအစောဟာမောင်တော်ရင်ခွင်ထဲကိုရောက်နေခဲ့လေပြီး..မျက်ရည်များတသွင်သွင်စီးကျနေသောအစော၏ပါးပြင်ပေါ်မှမျက်ရည်များကိုမောင်တော်ဟာသူ၏လက်နဲ့တယုတယသုတ်ပေးနေလေသည်။

''အစော...အစောမောင်တော့်ကိုအရမ်းလွမ်းနေရတာမောင်တော်ရယ်..''

''မောင်တော်လည်းအစောကိုအရမ်းလွမ်းတာပေါ့အစောရယ်...မောင်တော်ကြောင့်မျက်ရည်မကျပါနဲ့ပြောထားတာကိုအစောရယ်..''

''မသိဘူး..မောင်တော်ကိုမတွေ့ရတာဘယ်လောက်ကြာပြီးအစောနဲ့လိပ်ပြာတို့သားအမိိကိုထားရစ်ခဲ့တာမကောင်းဘူးကွာ''

''မောင်တော်တောင်းပန်ပါတယ်ကွယ်မောင်တော်အခုအစောတို့ဆီပြန်လာပြီးလေကွယ်..မငိုလေနဲ့တော့ကွယ့်...အစောမျက်နှာကကြည့်ရဆိုးတယ်..''

၀သုန်သူမအားစနောက်လိုက်တော့ရင်ဘတ်ကိုထုရိုက်လာသောအစော..''မောင်တော်နော်အစောကိုကြည့်ရဆိုးတယ်ပြောနေတယ်...မကောင်းဘူးအစောကိုပစ်ထားခဲ့တာတောင်မကျေနပ်သေးဘူးနော်..အခုလိုပြောတော့ပိုပြီးတော့စိတ်ကောက်တယ်...''

''ဟားဟား..အစောရယ်မောင်တော်ကအစောကိုချစ်လို့စတာပါကွယ်...အစောကဘာလို့ရုပ်ဆိုးရမှာလဲအရမ်းလှတဲ့ဘုရင်မတပါးဘဲလေ..ရုပ်မဆိုးဘူး...အရမ်းလှပါတယ်ခဗျာ''

လိပ်ပြာပြန်ရောက်လာတော့အနောက်ကနေငနဲ၂ကောင်ပါလိုက်ပါလာလေသည်။လှထွေးနဲ့ခင်မောင်ပင်၂ယောက်လုံးက၀သုန့်အားမြင်တော့အသည်းအသန်ပြေးဖက်တာအစောတောင်သားလေးကို၀သုန့်လက်ထဲကနေချီယူပြီးဘေးသို့ဖယ်ပေးလိုက်ရသည်။

''ကို၀သုန်!!!အင့်ဟင့်ဟင့်လွမ်းနေတာ...အခုလိုအကောင်လိုက်မြင်ရတော့၀မ်းသာတယ်ဗျာ..ကျုပ်တို့ဆီကိုကို၀သုန်ပြန်လာပြီး''မျက်ခွက်ကိုပိတ်ကန်ချင်လိုက်တာလှထွေးရာ..ခြေထောက်ကိုယားနေတာဘဲ..

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Место, где живут истории. Откройте их для себя