The God King (part4)

94 12 0
                                    

၀သုန်ညရောက်တော့ညီခင်နဲ့အတူသူကြီးအိမ်ဘက်ကိုထွက်လာခဲ့လေသည်။

အကြောင်းမှာကြက်ခိုးမလို့ပင်..ညီခင်ကဒီနေ့သူကြီးအိမ်ကတိုက်ကြက်ကြီးကိုမျက်စိကျပြီးခိုးဖို့ကိုကျုပ်ကိုညနေကတည်းကတိုင်ပင်ထားလေသည်။ကျုပ်တို့၅ယောက်ကလျို့၀ှက်ချက်ဆိုတာမထားတတ်တဲ့ကောင်တွေဗျ..ညီခင်ကသူခိုးမည်ဆိုလျှင်အရင်ဆုံးကျုပ်တို့ကိုတိုင်ပင်တတ်သည်။ကျုပ်တို့ကညီခင်ကြက်ခိုးပြီးဟေ့ဆိုကိုခင်မောင်နဲ့ဘိုးထေကထန်းတောမှာထန်းရည်သွားပြေး၀ယ်ကြသည်။လှထွေးကတော့ကြက်ကိုကြော်မလို့ဆီတွေဒယ်အိုးတွေဟင်းခတ်အမွှေအကြိုင်တွေကိုကြိုတင်စီစဥ်ပြီးကျောင်းဆောင်ရဲ့အနောက်ဘက်တဲလေးမှာစောင့်နေလေသည်။

သူကြီးဦး၀ိသူယကလည်သလားမပြောတတ်ခြံထဲမှာကင်းစောင့်ခိုင်းထားသောသူ့လူများကကျုပ်တို့လာတာကိုသိနေသလိုပါဘဲ၅ယောက်တောင်ဗျ...ခြံကိုပတ်ပြီးကင်းစောင့်နေတာကျုပ်ညီခင်ကိုကြည့်လိုက်တော့ဒီကောင်ကဒီညခိုးမယ်ပုံဘဲ..တားမရတာသိနေတော့ကျုပ်သတိပေးလိုက်သည်။

''ညီခင်မင်းခိုးရင်သတိထားနော်...ခြံထဲမှာ၅ယောက်တောင်ကွ...''

ညီခင်ကတော့အေးဆေးစွာပင်''ကို၀သုန်ဒီလူတွေကကင်းသာစောင့်နေတာကျုပ်ဘယ်မှာရှိတယ်ဆိုတာမသိအောင်ခိုးပြမှာကြည့်နေ..''ပြောပြီးညီခင်ခြံစည်းရိုးကြားထဲကနေကိုယ်ကိုအတင်းတိုး၀င်လေသည်။

ထိုလူတွေကမသိပေ။ညီခင်သရက်ပင်နောက်ကွယ်ကနေကြက်ခြံဆီသို့ပြေးသွားလေသည်။

ကိုယ်ဖော့ပြီးပြေးနိုင်သောညီခင်ကလျင်မြန်လှသည်။

သူကြီးကြက်ခြံထဲကတိုက်ကြက်ကြီးကိုပုဆိုးကြားထဲထည့်ပြီးထိုနေရာကနေပြေးထွက်လာခဲ့တော့သည်။

ညီခင်ပြန်ရောက်လာတော့၀သုန်က''ဘယ်လိုလဲညီခင်ရလား..''

''ရတယ်ကို၀သုန်လာသွားကြမယ်...''

ညီခင်ကြက်ကိုပုဆိုးနဲ့ထုတ်ပြီးပြေးတော့သည်။

ကျောင်းဆောင်ထဲကို၀င်လာတော့ကိုလွမ်းမောင်နဲ့တိုးလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now