The God King (part98)

76 10 0
                                    

''မောင်ကြီး...ဘယ်မှာလဲ...''

ဆေးမြစ်တူးနေသောနွယ်၀ေတစ်ယောက်ဆေးမြစ်တူးပြီးချိန်ဘေးနားမှာဘိုးထေကိုမတွေ့တော့တာကြောင့်အော်ခေါ်လိုက်လေသည်။

''သမီးလေးရေ..သမီးမေမေကအဘတို့ကိုခေါ်နေပြီးကွယ့်...''ဘိုးထေပျောက်သွားသည့်အကြောင်းမှာတဲထဲမှာချော့တိတ်ထားသောသူ၏သမီးငယ်ကိုသွားကြည့်နေတာကြောင့်ပင်..

သမီးလေးကိုချီပိုးပြီးခေါ်လာသောဘိုးထေဟာနွယ်၀ေအနားကိုရောက်လာတော့''နွယ်ဆေးမြစ်တူးပြီးပြီးလား''

''တူးပြီးပြီးပေါ့မောင်ကြီးကသမီးလေးကိုသွားကြည့်နေတာလား''

''သိပ်ဟုတ်တာပေါ့ဟောဒီကမီးလေးကိုသွားကြည့်တာပါဗျ..နော်သမီးလေး...''သမီးလေးကမောင်ကြီးပြောတာကိုနားလည်သည့်အလားတခစ်ခစ်နဲ့ရယ်မောနေလေသည်။

နွယ်၀ေတို့မိသားစု၃ယောက်ဟာဆေးမြစ်ဆေးဥတွေတူးဖို့တောထဲမှာ၁လကြာအောင်နေခဲ့ပြိးပြီးအခုဆေးမြစ်တူးပြီးယာယီတဲဆီကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာသူတို့အနောက်ကနေလိုက်လာသောခြေသံတစ်ခုထိုခြေသံကြောင့်ဘိူးထေဟာနွယ်၀ေနဲ့သမီးကိုအနောက်သို့ပို့ကာခါးကိုပတ်ထားသောနံချပ်ကူလှံကိုဆွဲထုတ်လိုက်လေသည်။

''ဘယ်သူလဲဘာလို့ကျုပ်တို့နောက်ကိုလိုက်လာရတာလဲ....''

ဘိုးထေပြောလိုက်တော့ထိုလူကအော်ဟစ်ရယ်လေသည်။

''ဟားဟားဟားဘိုးထေမင်းကအရင်အတိုင်းဘဲတစ်ခုခုဆိုအမြဲတမ်းသတိထားတတ်တယ်နော်...ဟားဟားဟား''ဘိုးထေအဲဒီအသံကိုကြားဖူးသည်။

ဒီအသံပိုင်ရှင်ကဟုတ်တယ်ဘိူးယက္ခရဲ့အသံဘဲ..

''အဘိုး..အဘိုးယက္ခမဟုတ်လား...''

''ဟားဟားဟားကောင်လေးမင်းကငါ့အသံကိုမှတ်မိနေသေးတာဘဲ...''
ဘိုးယက္ခဟာအော်ရယ်ရင်းသူတို့ရှေ့ကိုရောက်လာလေသည်။

''ဘိုးယက္ခ..ကျနော်အဘိုးကိုသတိရနေတာဗျ''

''ကောင်လေးမင်းကငါ့ကိုသတိရနေတယ်ပေါ့..''ဘိုးယက္ခဟာပြောရင်းနဲ့နွယ်၀ေ့လက်ထဲကသမီးလေးကိုကြည့်လိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now