The God King(part2)

143 14 3
                                    

လှထွေးအိမ်သို့ပြန်ရောက်လာတော့ကိုယ်တော်ချောကစောင်ပုံထဲမှာခေါင်းမြီးခြုံပြီးကွေးနေလေသည်။

''ကို၀သုန်...ကို၀သုန်..''

''လှထွေးပြန်လာပြီးလား..ငါမင်းကိုမျှော်နေတာဆေးရော''

လှထွေးဆေးထုတ်ကိုကမ်းပေးလေသည်။

''ကို၀သုန်ညတုန်းကအပြင်မှာအိပ်ရလို့ဖျားသွားတာထင်တယ်...''

၀သုန်ဆေးထုတ်ကိုဖြည်ပြီးဆေးမှုန့်ကိုရေနွေးနဲ့ရောကာသောက်ချလိုက်လေသည်။

''အားပါး..ခါးလိုက်တာ...''ခါးလွန်းတာကြောင့်မျက်နှာပျက်သွားသော၀သုန်ကိုလှထွေးကြည့်ပြီးရယ်လေသည်။

''ဟားဟားဟား..ကို၀သုန်မျက်နှာကလမ်းဘေးကခွေးခဲမှန်တဲ့ရုပ်နဲ့''မင်း၀သုန်လှထွေးစကားကြောင့်လှထွေးအကျီကိုဆွဲလိုက်ပြီးလက်သီးတပြင်ပြင်ဖြင့်

''ဘာကွ!!!ဟျောင့်လှထွေးမင်းစောစောစီးစီးထန်းရည်မသောက်ရဘဲငါလက်သီးစာမိသွားမယ်...''

လှထွေး၀သုန့်ရဲ့လက်သီးဇကိုသိတာကြောင့်''ကျနော်ကချစ်လို့စတာပါကို၀သုန်စိတ်ဆိုးနဲ့နော်...လက်သီးကိုချလိုက်..ဟဲဟဲ..ဒါနဲ့လေကျနော်ပြောစရာရှိတယ်..လိပ်ပြာငယ်လေ''

''ဘာဖြစ်တာလဲမြန်မြန်ပြော''၀သုန်တစ်ယောက်လိပ်ပြာဆိုတာနဲ့ချက်ချင်းခေါင်းထောင်လာလေသည်။

''ဒီနေ့လိပ်ပြာနဲ့တွေ့ခဲ့တယ်...''

''သူဘာပြောလဲ...''

''ဘာမှမပြောဘူးကို၀သုန်နေမကောင်းဘူးပြောလိုက်တာသူဘာမှကိုပြန်မပြောတာ...''

''လိပ်ပြာလေးကငါ့ကိုစမ်းသပ်နေတာဘဲ...''

''ကို၀သုန်ကလိပ်ပြာကိုတကယ်ချစ်တာလား''

''ဟာဘယ်လိုမေးလိုက်တာလဲတကယ်ချစ်ပေါ့...တကယ်ချစ်လို့ချစ်စကားကြိုက်စကားသွားပြောတာပေါ့...''

''ဒါဆိုတကယ်ယူမှာပေါ့..''

''ယူမှာပေါ့...''

''ဒါပေမယ့်ကို၀သုန်ကမိန်းက''

''ဟေ့ကောင်လှထွေး..''လက်သီးထောင်ပြလိုက်တော့လှထွေးပါးစပ်ပိတ်သွားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now