The God King (part44)

75 10 0
                                    

၀သုန်ခရီးရှည်ကြီးကိုနှင်လာပြီးနောက်ပေနု၀ိယာတိုင်းကိုရောက်လာခဲ့လေသည်။

တောအုပ်ထဲကနေလှမ်းကြည့်ရာမိုးမျှော်တိုက်ကြီးတစ်ခုကသီးသန့်တည်ရှိနေလေသည်။

၀သုန်သေချာစဥ်းစာတော့ထိုတိုက်ကြီးထဲမှာဘုရင်မကိုချုပ်နှောင်ထားတာဖြစ်ရမယ်ဟုတွေးမိသွားတော့ဘိုးထေနဲ့ညီခင်တို့ဘက်သို့လှည့်ကာ''ဘိုးထေနဲ့ညီခင်ငါအဲဒီမှာမြင်နေရတဲ့မိုးမျှော်တိုက်ကြီးဆီကိုသွားမယ်မင်းတို့၂ယောက်ကအစီစဥ်တွေဆွဲပြီးရဲမက်တွေကိုအာရုံပြောင်းထားပေးကြ..''

''ရတယ်ငါတို့အဲဘက်ကိုတာ၀န်ယူလိုက်မယ်မင်းသာအရှင်မကိုရအောင်ကယ်လာခဲ့၀သုန်''

''အင်း..''၀သူန်တို့၃ယောက်လူစုခွဲကာဘိုးထေနဲ့ညီခင်ကမျှော်စင်တိုက်ကိုစောင့်ကြပ်နေကြတဲ့ရဲမက်တွေကိုသုတ်သင်ရှင်းလင်းပေးလေသည်။၀သုန်မျှော်စင်ရဲ့အပေါ်ထပ်ကိုတက်လာတော့အစောင့်တွေကနေရာတိုင်းမှာချထားတာကြောင့်၀သုန်တစ်ယောက်ဓားကိုဆွဲထုတ်ကာရန်သူတွေရဲ့လည်ပင်းကိုဓားသွားနဲ့ဖြတ်ကာအပေါ်ဆုံးထပ်ကိုပြေးလာခဲ့လေသည်။တံခါးကိုကန်ဖွင့်လိုက်တော့အထဲမှာဘုရင်မစောဒေ၀ီကအလန့်တကြားနဲ့လှည့်ကြည့်လာလေသည်။

အစောတံခါး၀ကလူကိုစိတ်ကထင်လို့လားမသိမောင်တော်ဟုထင်မှတ်နေမိလေသည်။

''မောင်တော်လား..''

''အစော..''၀သုန်သူမဆီသွားကာပြေးဖက်လိုက်လေသည်။

''မောင်တော်တကယ်ဘဲမောင်တော်လားဟင်''

''ဟူတ်တယ်အစောမောင်တော်ပါ''အစောဟာဘာမှစဥ်းစားမနေဘဲသိပ်လွမ်းနေတဲ့မောင်တော့်ရင်ခွင်ထဲသို့တိုး၀င်ကာရှိုက်ငိုလေတော့သည်။

''အင့်ဟင့်ဟင့်..မောင်တော်အစောဆီကိုပြန်လာပြီး..''

''အစောမောင်တော်တောင်းပန်ပါတယ်မင်းရဲ့ဘေးမှာမောင်တော်မရှိနိုင်လို့အခုလိုဖြစ်ရတာ''

၀သုန်သူမပါးပြင်ပေါ်ကမျက်ရည်တွေကိုသူတ်ပေးရင်း''တိတ်ပါအစောရယ်...မောင်တော်မင်းကိုလာခေါ်ပြီးလေ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now