The God King (part28)

71 9 0
                                    

''ဒီလူတွေကသွေးမြူရိပ်တောင်ဓားပြတွေမဟုတ်ဘူး...''ဘိုးထေထိုလူတွေရဲ့ပုံစံအနေထားကိုအကဲခတ်နေချိန်သူတို့ရဲ့အရှေ့ကနေတောတိုးလာသောခြေသံများ

''ဟုတ်တယ်သူတို့ကသွေးမြူရိပ်တောင်ဓားပြတွေမဟုတ်ဘူး''

''ဘယ်သူလဲ!!!''ညီခင်ကလှမ်းမေးလိုက်လေသည်။

''သွေးရိုင်းလူမျိုးတွေဘဲ...''

''ငါအရှင်လိုချင်တယ်...ဖမ်းလာခဲ့''

ထိုလူ့မျက်နှာကိုမမြင်ရဘဲထိုလူ၏အမိန့်ပေးသံကပြတ်သားလှသည်။

အမိန့်ပေးသံအဆုံးမှာတော့အမှောင်ထုကနေတိုးထွက်လာသောလူများအယောက်၅၀လောက်ရှိမည်။

ဘိုးထေတို့အဖွဲ့ထက်၂ဆလောက်များသည်။ဘိုးထေလှံရှည်ကိုထုတ်ကာအဆင်သင့်ပြင်ထားလေသည်။၀င်လာသမျှရန်သူတို့အားတိုက်ခိုက်ကြလေသည်။တိုက်ပွဲကခနတဖြူုတ်အတွင်းသွေးချင်းချင်းရဲကာတောင်ပေါ်တွင်အော်ဟစ်သံများဓားချင်းချင်းပွတ်တိုက်သံများပါဆူညံစွာကြားရလေသည်။

စောဖတစ်ယောက်ဘိုးထေအနီးသို့ရောက်လာပြီး''နောင်ကြီးကခေါင်းဆောင်ထင်တယ်ကျုပ်နဲ့ပညာချင်းဖလှယ်ရအောင်လား...ချွင်!!!''ဓားရှည်ကိုထုတ်လိုက်သောထိုလူဟာဘိုးထေနဲ့ပညာချင်းဖလှယ်ဖို့စိတ်သွေးမာန်သွေးတက်ကြွနေလေသည်။

''ကောင်းပြီးနောင်ကြီး..''ဘိုးထေသူ၏လှံကိုကျစ်နေအောင်ကိုင်ကာတစ်ဖက်ကရန်သူဖြစ်တဲ့သူကိုသေချာစူးစိုက်ကြည့်လိုက်လေသည်။

ချွင်!!!

ချွင်!!

လှံသွားနဲ့ဓားနဲ့ပွတ်တိုက်ပြီးမြေပြင်သို့စိုက်နေချိန်ဘိုးထေကထိုအခွင့်အရေးကိုလက်လွှတ်မခံဘူး..ခြေစုံလေပေါ်မြောက်ကာထိုလူ၏ရင်အုပ်ကိုပိတ်ကန်လိုက်တော့အနောက်ဘက်သို့ပစ်လဲသွားလေသည်၊သို့သော်ထိုလူကပေါ့ပါးစွာနဲ့နောက်ကျွမ်းပစ်ကာတဖန်ပြန်လည်ပြီးတော့ဘိုးထေဆီသို့၀င်ရောက်တိုက်ခိုက်ပြန်သည်။

တိုက်ခိုက်မှုတွေကိုသစ်ပင်ကြီးတစ်ပင်ကနေအခန့်သားထိုင်ကြည့်နေသူတော့ရှိသည်။ထိုလူကတော့တိုက်ပွဲကိုကြည့်နေရင်း''ပွဲကတော့ကြည့်လှပေမယ့်ဇာတ်သိမ်းမကောင်းမှာတော့သေချာတယ်''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now