The God King (part36)

77 12 0
                                    

ပစ္စလီကာတိုင်းပြည်၏နန်းတော်တံခါးရှေ့ကိုရောက်လာသောခင်မောင်နှင့်လှထွေးပင်

ရဲမက်တွေကိုအမိန့်ပြားပြပြီးနန်းတော်ထဲကို၀င်လာခဲ့လေသည်။

နန်းတွင်းနန်းဆောင်တော်ကိုအခုမှရောက်ဖူးတာမဟုတ်တော့နန်းတော်ရဲ့အထာကိုသိနေသောခင်မောင်တို့ကရဲမက်တွေကိုရိုသေသမှုနဲ့ပေါင်းကာမင်းကြီးနဲ့မိဖုရားခေါင်ကြီးတွေ့ဖို့အတွက်ကူညီတောင်းလေသည်။

ဟေဓိသုနာယမင်းနဲ့မိဖုရားခေါင်ကြီး၀ဏ်ဏိကာတို့ဟာတလွန်ထက်မှာစံမြန်းနေစဥ်နန်းဆောင်ထဲကိုရောက်လာသောရဲမက်တစ်ဦးကြောင့်''မောင်မင်းဘာကိစ္စကြောင့်ရေးကြီးသုတ်ပြာဖြစ်နေရသနည်း...''

''မှန်လှပါ့မင်းကြီး..မင်းသမီးလေးရဲ့ရောဂါကိုကုသပေးမည့်သူတွေရောက်လာကြောင်းပါဘုရား...''

''ဟေဒါဖြင့်ငါကိုယ်တော်၏သမီးတော်ကိုကုသပေးဖို့မြောက်ဘက်ဆောင်ကိုပို့လွှတ်စေ..''

''မှန်ပါ့မင်းကြီးဘုရား...''

ရဲမက်ထွက်သွားတော့နှမတော်က''မောင်တော်ဘုရားသမီးတော်အတွက်''

''စိတ်ချပါနှမတော်မောင်တော်သေချာစီစဥ်ထားပါတယ်သမီးတော်လေးအန္တရာယ်အတွက်စိတ်မပူနဲ့ကွယ့်...''

ခင်မောင်နဲ့လှထွေးနည်းတူကျန်တဲ့သူများဟာလည်းမင်းသမီးလေးကိုကုသဖို့ရောက်လာကြလေသည်။

ခင်မောင်၏ဘေးနားကသက်ကြားအိုကြီးကိုကြည့်ပြီလှထွေးတိုးတိုးလေးပြောလေသည်။

''အသက်ကဖြင့်သချိုင်းကိုမျက်စောင်းထိုးနေပြီးတဏုာကတော့မချသေးဘူး...ကိုခင်မောင်ဒီလူသာမင်းကြီးရဲ့သမီးကိုကုသနိုင်ရင်မင်းကြိးတော့သူ့ညီမကိုနွားအိုမြက်နုကြိုက်ဆီပေးရတော့မယ်ထင်တယ်ကျုပ်တော့နှမျောလိုက်တာဗျာ..မင်းသမီးမြသီရိခဗျာသနားပါတယ်...''

''လှထွေးတိတ်တိတ်နေဒီနေရာကမင်းအဘပိုင်တာမဟုတ်ဘူး..ခေါင်းပြတ်ချင်လို့လား..ကိုယ့်တိုင်းမဟုတ်ဘူးတိတ်တိတ်နေ!!!''

သမားတော်၅၀ကျော်ကမင်းသမီးကိုကုသပေးဖို့ရောက်ရှိလာပေမယ့်အကုန်လုံးကမကုသနိုင်ပေ။တဏုာကြောင့်သေဒဏ်ကိုရင်ဆိုင်ရတော့မည့်လူတွေဆိုမျက်ရည်ဆက်လက်နဲ့အကျဥ်းခန်းကိုသွားရလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now