The God King (part6)

85 13 0
                                    

ရွာဦးကျောင်းအုန်းမောင်းသံကြောင့်၀သုန်တစ်ယောက်နိုးထလာခဲ့လေသည်။

၀သုန်ကငပျင်းတော့မဟုတ်ပါ။ညနက်မှအိပ်တတ်ပေမယ့်မနက်ဆိုအစောကြီးထတတ်လေသည်။

၀သုန်၀ါးခွက်နဲ့ရေထည့်ထားသောကျောက်ကန်ကြီးထဲကရေကိုခပ်ကာပလုတ်ကျင်းပြီးမီးသွေးနဲ့သွားတိုက်လေသည်။

လှထွေးကတော့အိပ်ကောင်းတုန်းပင်ဘိုးထေက၀သုန်နားကိုရောက်လာပြီးမျက်နှာသစ်လေသည်။

''၀သုန်ညတုန်းကမင်းဆီကိုမသစ္စာရောက်လာတယ်မလား''၀သုန်မျက်မှောင်ကုတ်ကာမေးလိုက်လေသည်။

''မင်းခိုးချောင်းတာလား''

''ခိုးချောင်းတာတော့မဟုတ်ဘူးမြင်တာမင်းအိမ်ဘက်ကိုလူရိပ်သွားတာတွေ့လို့စိတ်ပူပြီးထွက်ကြည့်တာမသစ္စာဖြစ်နေတော့ငါလည်းဆက်မကြည့်တော့ဘဲ၀င်အိပ်လိုက်တယ်''

''မင်းမြင်တာဆိုပြီးရောဘယ်သူ့မှလျှောက်မပြောနဲ့''

''ငါတင်မဟုတ်ဘူးအကုန်လုံးမြင်ကြတာလှထွေးညီခင်ခင်မောင်တို့လည်းမြင်တယ်''

''မင်းတို့ကောင်တွေတော့!!!''၀သုန်ဘာမှမပြောချင်တော့တာနဲ့မျက်နှာသစ်ပြီးမသစ္စာဆီထွက်လာခဲ့သည်။မသစ္စာကတော့ဆေးတွေချက်ပြုတ်နေလေသည်။၀သုန်ဆေးနံ့မခံနိုင်တာကြောင့်အပြင်ကနေပင်''မသစ္စာဘယ်ချိန်တောထဲသွားမလဲ''

အရှေ့က၀သုန်အော်ခေါ်သံကြောင့်သစ္စာဆေးပြုတ်နေရင်းတန်းလန်းနဲ့ထွက်လာခဲ့လေသည်။

''၀သုန်အစောကြီးနိုးနေတာလား...မနက်၇နာရီလောက်မှတောတက်ကြရအောင်လေ...''

''ဟုတ်ပြီးဒါဆိုကျုပ်ရွာထဲခနသွားအုန်းမယ်...''

သစ္စာက၀သုန့်အားဘယ်သွားမည်သိချင်တာကြောင့်မေးလိုက်လေသည်။

''ဘယ်လဲ၀သုန်''

''လိပ်ပြာငယ်ကိုသွားတွေ့မလို့ပါကျုပ်သွားပြီးမသစ္စာ''

၀သုန်ပြောပြီသည်နှင့်ထွက်လာခဲ့တော့သည်။ကျန်ခဲ့တဲ့သစ္စာမှာတော့အတွေးများစွာနဲ့

ငယ်စဥ်ကတည်းကညီမတစ်ယောက်လိုချစ်ခဲ့တဲ့၀သုန်ကဘယ်ချိန်ကမှန်းမသိဘဲသစ္စာရင်ထဲမှာသိပ်ချစ်မိတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီး...ဒါပေမယ့်၀သုန်ကလိပ်ပြာငယ်ကိုဘဲချစ်တယ်သစ္စာကိုအမတစ်ယောက်ထက်မပိုဘူးဆိုသစ္စာသိတယ်

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now