The God King (part34)

88 11 0
                                    

ခင်မောင်တို့နေ့လည်စာစားသောက်ဖို့ပြင်ဆင်နေချိန်...

ဒူ...ဒူ...ဒူ...

ကြေငြာမောင်းသံကြောင့်ခင်မောင်တို့တွေနားစွင့်လိုက်လေသည်။

{တိုင်းသူပြည်သားအပေါင်းတို့အားအရှင်မင်းကြီးမှကြေငြာမောင်းခတ်အမိန့်တော်ပေးလိုက်ပါတယ်...ပစ္စလီကာတိုင်း၏အလှနတ်ဘုရားမဟုတင်စားခံရသောမင်းသမီးရွှေဓိမာ၏ထူးဆန်းတဲ့ရောဂါ၀ေဒနာကိုပျောက်ကင်းအောင်ကုသပေးနိုင်သူအားအရှင်မင်းကြီး၏နှမတော်မြသီရိနဲ့လက်ဆက်ပေးတော်မူမည်...မကုသနိုင်သူဟာသေဒဏ်ကျခံရမည်အမိန့်တော်...}

ဒူ....

လူတွေကသေဒဏ်ကိုရင်ဆိုင်ရမှာကြောင့်ထိုတာ၀န်ကိုမယူရဲကြပေ။

ခင်မောင်ထိုသတင်းကိုကြားတော့..သူတို့ဒီကိုလာတာဟာစုံစမ်းရေးအတွက်ပင်ဒီကိစ္စကသူ့အတွက်အသင့်တော်ဆုံးပင်...

မင်းသမီးရွှေဓိမာရဲ့ရောဂါကိုတော်၀င်သမားတော်ကြီးတွေကမကုသပေးနိုင်လို့ရဲမက်အပေါင်းတို့ကိုအမိန့်ပေးပြီးတိုင်းပြည်အတွင်းရှိသူ၏သမီးတော်အားကုသပေးနိုင်သူကိုနှမတော်မြသီရီနဲ့လက်ဆက်ပေးမည်ဟုအမိန့်တော်ပေးလိုက်လေသည်။ဒီကိစ္စကိုခင်မောင်လက်လွှတ်လို့မဖြစ်ပေ။

အောင်သော၀ေရာအောင်နိုင်ဖို့ကြိုးစားရမည်။အရှင်မရဲ့အမိန့်တော်ကိုအောင်မြင်စွာထမ်းရွက်နိုင်ဖို့အခွင့်ရေးကောင်းတစ်ခုပင်ခင်မောင်ထိုကြေငြာမောင်းခတ်သောနေရာသို့ပြေးလာခဲ့လေသည်။

''နောင်ကြီး..''

တပ်မှူးချုပ်တေခကသူ့နောက်ပါး၌ချွေးသံတရွဲရွဲနဲ့ပြေးလာသောလုလင်ပျိုအားကြည့်ကာ''နောင်ကြီးဘာကိစ္စရှိလို့လဲ''

''ခနကကြေငြာမောင်းခတ်တဲ့ကိစ္စကိုဆောင်ရွက်ဖို့လာပြောတာပါနောင်ကြီး''

တေခမျက်ခုံးတဖက်ပင့်ကာ''မောင်မင်းကသမားတော်တစ်ယောက်လား''

''ဟုတ်ပါတယ်..ကျုပ်ကသမားတော်ပါ...ခနကမင်းသမီးရဲ့ကျန်းမာရေးကိုကြားသိလို့အခုလိုရောက်လာခဲ့တာပါကျုပ်မင်းသမီးရဲ့ကျန်းမာရေးကိုပြန်လည်ကောင်းမွန်အောင်ကုပေးပါရစေ..ကျုပ်ကိုလက်ခံပေးပါနောင်ကြီး...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Onde histórias criam vida. Descubra agora