The God King (part17)

79 11 0
                                    

ဒီနေ့ညကကောင်းကင်ပြင်မှကြယ်များပြည့်နှက်နေလေသည်။မအိပ်ချင်သေးသော၀သုန်အဖို့ဒီညတော့ကြယ်တွေကိုရေတွက်ခွင့်ရခဲ့လေသည်။

စောဥယျာဥ်တော်မှာစာဖတ်နေရင်းအိပ်ငိုက်လာတာကြောင့်စက်တော်ခေါ်ရန်အဆောင်တော်ကိုပြန်လာချိန်ဧည့်ဆောင်တော်ကိုအမြင်ရောက်သွားတော့တံတားလေးရဲ့ဘောင်ပေါ်မှာခွထိုင်ကာနံရံကိုမှီပြီးကြယ်တွေကိုငေးကြည့်နေသောလုလင်ပျိုတစ်ယောက်ကိုတွေ့သွားလေသည်။

''ဒီအချိန်ကြီးဘာလုပ်နေတာလဲ''

စောမေးခွန်းထုတ်မိပေမယ့်ခြေလှမ်းများကထိုလုလင်ပျိုထံသို့....လရောင်ကဒီနေ့မှဖျော့လျော့စွာနဲ့ရောင်၀ါဖြာနေလေသည်။

၀သုန်ကြယ်တွေကိုရေတွက်နေရင်းငယ်ငယ်ကအချိန်တွေကိုပြန်လည်သတိရတမ်းတမိသွားလေသည်။

''လိပ်ပြာငယ်ငါတို့ငယ်ငယ်တုန်းကအခုလိုကြယ်တွေရေတွက်ပြီးပျော်ခဲ့ရတဲ့တွေကိုငါအခုထိမှတ်မိသေးတယ်....ဒါပေမယ့်အခုချိန်မှာငါ့ဘေးနားမှာနင်မရှိတော့ဘူး...ငါသိပ်ချစ်ရတဲ့နင်ဘယ်တွေရောက်နေပြီးလဲလိပ်ပြာရယ်...''

၀သုန်ရေရွတ်လိုက်သောစကားတွေကြောင့်စောခြေလှမ်းတို့တုံ့ခနဲရပ်တန့်မိသွားလေသည်။

ခြေလှမ်းတို့ဟာလုလင်ပျိုထံမှအဆောင်တော်ဆီသို့..မောင်တော်ပြောတဲ့လိပ်ပြာဆိုတဲ့မိန်းမပျိုလေးကမောင့်တော်မေတ္တာကိုအရယူခဲ့လေသလားကွယ်...သိပ်ချစ်တယ်တဲ့လားမောင်တော်ရယ်...စောရင်တွေကွဲရချည်ရဲ့ကွယ်....

အနောက်ပါးမှမသိအောင်သိပ်သိပ်ကလေးခိုးထွက်လောစောဒေ၀ီဟာသခင်မဆောင်တော်ကိုရောက်တော့၀မ်းနည်းမျက်ရည်မိုးတို့သွန်းဖြိုးကာရွာချလာတော့သည်။

ကြယ်တွေရေတွက်နေတဲ့၀သုန်ကတော့ထိုအကြောင်းကိုမသိပါချေ။

၀သုန်မနက်၃နာရီလောက်မှအဆောင်ဆီကိုကူးလာခဲ့လေသည်။

''မင်းတို့တွေအခုလုပ်မယ့်အရာကိုအရှင်မသိလို့မဖြစ်ဘူး..ငါတို့တွေက၇ပြည်ထောင်ရဲ့သူလျှိုဆိုတာအရှင်မသိရင်တာ၀န်မပြီးမြောက်ဘဲအသက်ပေးဆပ်ရမယ်မှတ်''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now