The God King (part67)

59 10 0
                                    

အင်း...ဟင်းး

''နွယ်၀ေသတိရလာပြီးလား''ဘေးနားမှာ၀သုန်ကသူမအခြေအနေကိုစောင့်ကြည့်နေလေသည်သူမသတိရလာတော့အသံပြုလိုက်လေသည်။

''အင်း..ကျမမေ့လဲနေတာဘယ်လောက်ကြာပြီးလဲ..''

''၄ညနဲ့၅ရက်ရှိပြီးနွယ်၀ေနင်အခုသက်သာလား..''

၀သူန်ကသူမအားထူပေးရင်းမေးလိုက်လေသည်။

''အင်းခေါင်းနဲနဲကိုက်နေသေးတယ်...''

''အဲဆိုအနားယူလိုက်အုန်းမင်းသက်သာလာရင်ငါတို့ခရီးဆက်ကြတာပေါ့...''

''အင်း..ရှင့်ကိုကူညီပေးဖို့လိုက်လာပေမယ့်ကျမကိုရှင်ကပြန်ကူညီနေရတယ်တောင်းပန်ပါတယ်..''

''မလိုပါဘူး...အခုအနားယူလိုက်အုန်း..ငါလုပ်စရှာရှိသေးလို့သွားအုန်းမယ်''

''အင်း''၀သုန်သူမအားစောင်ခြုံပေးပြီးနောက်တဲပြင်သို့ထွက်လာခဲ့လေသည်။

''နောင်ကြီး..နောင်ကြီးရွာပြင်ဘက်မှာမိန်းမပျို၂ဦးနောင်ကြီးနာမည်ကိုပြောပြီးတွေ့ချင်တယ်လို့ကျုပ်တို့ကိုပြောနေတာဗျ''

မျိုးနွယ်စုလူငယ်က၀သုန့်ဘေးနားကိုရောက်လာပြီးပြောလေသည်။

''ဘယ်သူတွေလဲ..''

''မသိဘူးကျုပ်မေးသေးတယ်မဖြေဘူး..မင်း၀သုန်ကိုတွေ့ချင်တယ်ခေါ်ပေးလို့ဘဲပြောနေတာနောင်ကြီး...''

''ဟင်း..ကျုပ်သွားတွေ့လိုက်မယ်..''

''ဟုတ်ပြီးနောင်ကြီး''လူငယ်ထွက်သွားတော့၀သုန်က၀င်ပေါက်ဆီကိုလျှောက်လာခဲ့လေသည်။

''မမညီမလေးတို့ဒီအတိုင်းဘဲထိုင်နေရတော့မှာလား''ရွှေဘုံတစ်ယောက်ငြီးငြူလိုက်လေသည်။

''ညီမလေးဘုံဒီတာ၀န်ကိုအရှင်မင်းကြီးကမမတို့ကိုယုံကြည်လို့ပေးအပ်ခဲ့တယ်မမတို့တွေဒီတာ၀န်ကိုကျေပွန်အောင်ဆောင်ရွက်ရမှာပေါ့...''

''ဟွန့်ဟိုတစ်ယောက်ကအခုထိမလာသေးဘူးဒီမှာညောင်းလို့သေတော့မှာဘဲမမရယ်..''မေသုခတစ်ယောက်ညီမဖြစ်သူ၏ငြီးငြူနေတာကိုလျစ်လျူရှုပြီးထိုရွာ၀င်၀မှသာရပ်နေမိသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now