The God King (part33)

77 10 0
                                    

ပစ္စလီကာတိုင်း

နန်းတော်၏ညီလာခံသဘင်တွင်မှူးကြီးမတ်ရာသေနပတိတို့နဲ့အတူအစည်း၀ေးပြုလုပ်နေသောဟေဓိသုနာရမင်းနှင့်သူ၏မိဖုရားခေါင်ကြီး၀ဏ်ဏီကာတို့ဟာစိုးထိန့်မှုတို့နဲ့အတူလျှောက်ထားလာသောသမားတော်ကြီးဆူဏာ၏စကားကြောင့်အကုန်လုံးဟာစိုးရိမ်မှုတို့နဲ့အတူပုလ္လင်ထက်ကမင်းကြီးနဲ့မိဖုရားတို့အားမော်ကြည့်လာသည်။

စိုးရိမ်မှုတို့နဲ့အတူမျက်၀န်းအိမ်အတွင်းမှမျက်ရည်တို့ဟာပါးပြင်ထက်သို့တသွင်သွင်နဲ့စီးကျလာခဲ့လေသည်။

''နှမတော်...''

''မောင်တော်ဘုရားသမီးတော်ရွှေဓိမာရဲ့ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်တော့ဘူးလားဘုရား...သမီးတော်လေးကိုကယ်တင်ပေးပါအုန်းဘုရား''

''သမားတော်ကြီးဆူဏာငါ၏သမီးတော်အခြေအနေကကုသလို့မရတော့ဘူးလား''

သမားတော်ကြီးဆူဏာဟာခေါင်းကိုတွင်တွင်ခါရမ်းရင်''ကုသမယ်ဆိုမင်းသမီးရဲ့အခုလိုအခြေအနေကိုပျောက်ကင်းစေမှာမဟုတ်ဘူး...မင်းသမီးရောဂါကထူးဆန်းတယ်...ကိုယ်တွေပူပြီးမေ့မျောနေတဲ့ရောဂါဘဲဆေးပညာတွေလည်းစုံလှပြီးမင်းသမီးရဲ့ရောဂါအမည်နာမကိုကျနော်မျိုးရှာမတွေ့ကြောင်းပါဘုရား...ဒီရောဂါမျိုးကိုကျနော်မျိုးဆေးကုသတဲ့ကာလပတ်လုံးအခုမှဘဲကြုံတွေ့ဖူးတော့တယ်...''

တော်၀င်သမားတော်ကြီးကတောင်ကုသလို့မရဘူးပြောလာတော့မင်းကြီးနဲ့မိဖုရားမှာသောကပင်လယ်၀ေရုံမှတပါးမတတ်နိုင်တော့ပေ။

မိဖုရားကြီးကသူမ၏သမီးတော်အခုလိုဖြစ်ကတည်းကတိုင်းရေးပြည်ရေးဘက်မှာကူညီပေးမှုမရှိတော့ပေ။အခုတောင်မိဖုရားကြီးညီလာခံအစည်းအ၀ေးမတက်ရောက်တာနာမကျန်းဖြစ်လို့လားဟုအမတ်တစ်ချို့ကမေးခွန်းထုတ်ကြတာကြောင့်မဖြစ်မနေဒီနေ့တော့ညီလာခံကိုတက်ရောက်လာခဲ့သည်။

မင်းကြီးဟေဓိသုနာယမှာတော့သူ၏မိဖုရားသမီးတော်အတွက်အခုလို၀မ်းနည်းပူဆွေးနေသည်ကိုမကြည့်ရက်တာကြောင့်တပ်မှူးချုပ်တေခအားအခစား၀င်ရောက်ရန်အမိန့်ပေးလိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now