The God King (part71)

75 12 0
                                    

''မောင်တော်အစောကိုမထားခဲ့ပါနဲ့..အင့်..ဟင့်..ဟင့်...''

အစောဟာအသက်မဲ့နေသောမောင့်တော်အားပွေ့ဖက်ကာရှိုက်ကြီးတငင်အော်ငိုနေလေသည်အခုချိန်မှာအရှင်မရဲ့ဂုဏ်သိက္ခာနဲ့အရှက်တရားတို့ဟာဘယ်ဆီကိုရောက်သွားသည်မသိတော့လောက်အောင်၀မ်းနည်းပူဆွေးခြင်းကနေရာယူထားခဲ့လေသည်။

မောင်တော်အစောရဲ့တိုင်းပြည်ကိုအသက်ပေးပြီးကာကွယ်ခဲ့တယ်...ဒါကိုအစောမလိုချင်ပါ..ဘာလို့လဲမောင်တော်ကိုမှကံကြမ္မာကအခုလိုရက်စက်ရတာလားလို့အော်မေးလိုက်ချင်သည်။

ဘိုးထေတို့၃ယောက်လည်း၀သုန်ထံသို့ရောက်လာခဲ့လေသည်။

''၀သုန်...သူငယ်ချင်းမင်းအခုလိုမဖြစ်ရဘူးလေကွာ...မင်းထပါငါတို့တွေအတူတူအိမ်ပြန်ကြရအောင်၀သုန်..''

''ကို၀သုန်ကျုပ်တို့ကိုကတိပေးထားတယ်လေထန်းတောမှာထန်းရည်အတူတူသောက်ကြမယ်လေကို၀သုန်...ထပါတော့ကွာ..''

နွယ်၀ေလည်းဘေးနားကနေသူတို့၏အော်ဟစ်ငိုကြွေးသံတို့ကိုကြားနေတာကြောင့်ရင်ထဲတွင်စိတ်မကောင်းဖြစ်မိပေမယ့်၀သုန့်အသက်ကိုပြန်ရှင်လာအောင်တော့မလုပ်ပေးနိုင်ပေ။

*ရှင့်ရဲ့ကံကြမ္မာကဆိုးရွားလိုက်တာမင်း၀သုန်ရယ်...*

ထိုအဖြစ်ကိုမြင်ရွှေဘုံတစ်ယောက်ဟာသခင်လေးအခုလိူဖြစ်သည်ကိုမကြည့်ရက်တာကြောင့်အမဖြစ်သူအား''မမသခင်လေးအသက်ကိုကယ်တင်ပေးနိုင်မည့်နည်းလမ်းမရှိဘူးလား''

''ရှိတယ်..''တိတ်ဆိတ်နေတဲ့သုခဟာဘုံအမေးကိုတုံ့ဆိုင်းခြင်းမရှိဘဲပြန်လည်ဖြေကြားလာသည်။

ငိုနေကြသူတို့မှာသုခစကားသံကြောင့်အားလုံးဟာအငိုတိတ်သွားလေသည်။

ငိုနေသောကလေးတွေအားမုန့်ချိုနဲ့ချော့သလိုပင်...သုခဘက်သို့အကြည့်တို့ရောက်ကုန်လေသည်။

အစောဟာနဂါးမလေးပြောစကားကြောင့်မောင်တော့်ကိုကယ်တင်လို့ရမည်ဆိုတာသိသွားလေသည်။

''မောင်တော်ကိုအသက်ကိုကယ်တင်ရမယ်နည်းလမ်းကဘယ်လိုလဲမိန်းမပျိုလေး''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now