The God King (part56)

71 9 0
                                    

''ညီခင်!!!''

ဘိုးထေတစ်ယောက်ရဲ့အော်သံဟာအပျိုတော်အဆောင်ထိတောင်ကြားရလေသည်။

ညီခင်တစ်ယောက်အဆောင်တော်ကနေပြေးထွက်လာချိန်ရုတ်တရက်ဆိုသလိုလိပ်ပြာနဲ့တိုက်မိလေတော့ခူးလာတဲ့ပန်းများဟာပန်းခြင်းလေးထဲမှလွှင့်စင်ကြကုန်လေသည်။

''ဟာ..အမအဆင်ပြေရဲ့လားကျုပ်တောင်းပန်ပါတယ်...''ထိုအချိန်ဘေးနားကိုသူရပါရောက်လာလေသည်။

''လိပ်ပြာနင်ရရဲ့လားကိုညီခင်ကတော့သတိလေးထားပြီးလာမှပေါ့ဗျာ..အခုတော့ထိခိုက်မိကုန်ပြီး..''

''ရတယ်သူရငါ့ဘာသာလုပ်လိုက်မယ်...ညီခင်ဘာဖြစ်လာတာလဲကိုဘိုးထေနင့်ကိုရိုက်လွှတ်လို့လား''

''မဟူတ်ပါဘူးအမရာ..ဒီမှာလေကျုပ်ကသူ့ဆီကနေအသပြာထုပ်ကိုခိုးလာခဲ့တာအဲတာလစ်ပြေးမလို့သွားပြီးဟီးဟီး''ညီခင်တစ်ယောက်ဘိုးထေရဲ့အသပြာကိုခိုးပြီးလစ်ထွက်ဖို့ပြင်ပေမယ့်လိပ်ပြာတို့နောက်ကနေလိုက်လာသောလှယဥ်ထွေးနဲ့မသစ္စာတို့၂ယောက်နဲ့ပက်ပင်တိုးတော့သည်။

''ကိုညီခင်!!!''

''လှ.လှယဥ်ထွေး...ချစ်ရင်ပြေး''ညီခင်တစ်ယောက်ပါးစပ်မှလည်းအော်ပြေးဖို့လည်းကြံတော့လှယဥ်ထွေးတစ်ယောက်သူမချစ်သူဂုတ်ကိုဆွဲထားကာ

''ဘာကိုလှယဥ်ထွေးချစ်ရင်ပြေးလဲ...''

''ဟုတ်တယ်လေပြေးမှာလေ..နောက်မှဘဲတွေ့ကြမယ်နော်အထွေး..''

''ဘာကိုနောက်မှတွေ့မှာလဲပေးစမ်းအဲဒီအသပြာထုတ်''

ထိုအချိန်ဘိုးထေကပါပြေးထွက်လာခဲ့လေသည်။

''လှယဥ်ထွေးအဲကောင်ကိုဖမ်းထားပေး...''

ဘိုးထေပါထိုနေရာသို့ရောက်လာတော့ညီခင်ပြေးပေါက်မရှိတော့ပေ။

''ဟေ့ကောင်မင်းငါ့အခန်းထဲကို၀င်ပြီးအသပြာထုတ်ယူသွားတယ်မလားဘယ်မှာလဲအသပြာထုတ်ပြန်ပေးစမ်း..''

''ကိုဘိုးထေကလည်းကျုပ်ကတခါလေးဘဲခိုးတာပါဒီတခါတော့ပေးပါနော်''

''ဟေ့ကောင်မရဘူးမင်းမှာလည်းရှိတာဘဲငါ့ဟာပြန်ပေးပါစမ်းပါဟာ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now