The God King (part35)

81 13 0
                                    

လိပ်ပြာတစ်ယောက်အ၀တ်တွေလျှော်ပြီးလှမ်းနေစဥ်မသစ္စာကသူမဘေးနားသို့ရောက်လာပြီး''ညီမလေး..''

''မမ...ပန်းခူးတာပြန်ရောက်လာပြီးလား''

သစ္စာကခေါင်းငြိမ့်ပြရင်း''ညီမလေးကိုမမမိတ်ဆက်ပေးရမယ့်သူရှိလို့လာခဲ့တာပါ....အထွေးရေလာပါအုန်း''

မမနောက်ကနေရောက်လာသောမိန်းမပျိုကိုလိပ်ပြာကြည့်ရင်းပြုံးပြလိုက်လေသည်။

''အထွေးဒါကမမပြောနေတဲ့လိပ်ပြာငယ်မမညီမလေး...''

''လိပ်ပြာကအလှလေးဘဲဒါကြောင့်မောင်ငယ်ကနှစ်သက်နေတာကိုး..မမနာမည်ကလှယဥ်ထွေးပါ...မထွေးလို့လည်းခေါ်နိုင်ပါတယ်...''

''ဟုတ်ကဲ့မထွေး...''

''မသစ္စာဒါဆိူအထွေးသွားတော့မယ်နော်..အဘကပြန်ရောက်တာကိုသူ့ကိုလာမတွေ့ရင်ဆူနေအုန်းမယ်...သွားပြီးမမ''

''အင်းအထွေးလေး''

''မမသူကဘယ်သူလဲဟင်...လိပ်ပြာဒီမှာတခါမှမမြင်ဖူးဘူး..သူပြောတဲ့မောင်ငယ်ကဘယ်သူလဲလိပ်ပြာကိုသဘောကျနေတယ်...''

လိပ်ပြာအမေးကိုသဘောတကျပြုံးရင်း''သူမကဒီရွာအကြီးအကဲရဲ့သမီးကြီးလှယဥ်ထွေးကွယ့်ညီမလေးကိုသဘောကျနေတဲ့မောင်ငယ်ဆိုတာသူရကိုပြောတာပါ...လိပ်ပြာလေးရေမိုးချိုးပြီးရင်အမြန်လာခဲ့ကွယ့်အဘကထမင်းစားဖို့စောင့်နေပြီးး''

''ဟုတ်ကဲ့မမ..လိပ်ပြာရေမိုးချိုးပြီးရင်လာခဲ့မယ်နော်...''

လိပ်ပြာအပြောကိုခေါင်းငြိမ့်ကာထွက်သွားသောသစ္စာ

ညနေစောင်းချိန်တွင်ဆေးမြစ်တူးပြီးပြန်လာကြသောရွာသားများအပြင်သူစိမ်းတွေပါပါလာတာကြောင့်ရွာကလူတွေဟာကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေလေသည်။

''ကိုဘိုးထေဒီရွာကလူတွေကထူးဆန်းတဲ့အ၀တ်စားတွေနဲ့နော်..''

''တိတ်တိတ်နေညီခင်..''ဘိုးထေလှမ်းပြီးသတိပေးလိုက်တော့တိတ်ဆိတ်သွားသောညီခင်ပင်

ရွာသားများနောက်သို့လိုက်လာတော့ကွင်းပြင်၌မီးဖိုထားပြီးသားစိမ်းများကိုကင်ထားလေသည်။ထိုနေရာသို့ရောက်သော်''ကဲနောင်ကြီးတို့ဒီနေရာမှာခေတ္တခနနေခဲ့ပါကျုပ်အကြီးအကဲကိုသွားပြီးအကြောင်းကြားလိုက်ပါ့မယ်...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now