The God King (part76)

65 10 0
                                    

နွယ်၀ေမနက်နိုးလာတော့ထိုလူကသူမဘေးနားမှာသူမအားဖက်ထားလေသည်။

အားးးး(နွယ်၀ေအော်လိုက်သည့်အသံပင်)

ဘုန်း

ဘုတ်!!!

အာ့

ဘိုးထေညကအိပ်မပျော်တာကြောင့်သူမဆီကိုရောက်လာပြီးဒီမှာဘယ်လိုအိပ်ပျော်သွားမှန်းပင်မသိတော့ပေ။

ကုတင်ပေါ်ကကန်ချခံရတာကြောင့်ကျောနဲ့ခါးရိုးတစ်လျှောက်ကိုဖိကာ''နွယ်၀ေဘာလို့ကျုပ်ကိုကန်ချရတာလဲ..''

ဘိုးထေတစ်ယောက်ငြီးငြူရင်းပြောလိုက်လေသည်။

''ရှင်ဘယ်လိုဖြစ်ပြီးကျမနေတဲ့တဲဆီကိုရောက်နေတာလဲ..ပြီးတော့ကျမဘေးနားမှာဘာလို့အိပ်နေရတာလဲ''

နွယ်၀ေတစ်ယောက်ကုတင်ပေါ်မှထရင်းမေးလိုက်လေသည်။

''အားပါးပါးနာလိုက်တာ..ခြေကန်ချက်ပြင်းပါပေ့နှမရယ်...''

''ဘယ်လိုခေါ်လိုက်တယ်!!''

''နှမလို့ခေါ်လိုက်တာလေ..ကျုပ်ခေါ်တာမကြိုက်လို့လား''

''မကြိုက်ဘူး..ရှင်နဲ့ကျမကချစ်သူတွေမဟုတ်ဘူး''

''ဒါဆိုလင်မယားပေါ့''

''ဘိုးထေ!!!..နင့်ကိုဘိုးယက္ခမြေးဆိုပြီးဘာမှမလုပ်တာကိုအခွင့်ကောင်းမယူနဲ့...ရှင်ကကျမနဲ့ဘာမှမပတ်သက်ဘူး...''

''နောက်ပတ်သက်ခဲ့မယ်ဆိုရင်ရောနွယ်၀ေ..မင်းဘာလုပ်မှာလဲ..ကျုပ်နဲ့နှမဖူးစာဆိုနှမဒီကံကြမ္မာကိုပြောင်းလဲလို့ရမှာမဟုတ်ဘူးနော်''ဘိုးထေကပြုံးစိစိနဲ့ပြောလာတော့နွယ်၀ေဟာသူ့အားထုရိုက်တော့သည်။

ဘုန်း..ဘုန်း..ဘုန်း

''လျှာရိုးမရှိတိုင်းလျှောက်မပြောလေနဲ့..ဘိုးထေကျမရဲ့ဓားကိုမြည်းစမ်းချင်လို့လား''

ထုရိုက်ရင်းပြောနေသောသူမနှုတ်ခမ်းတစ်စုံအားသူ့နှုတ်ခမ်းနဲ့ဖိကပ်ပိတ်ပစ်လိုက်လေသည်။

အွန်းးးး

ဘုန်း.

ထုရိုက်နေသောသူမလက်တို့အားဖမ်းချုပ်ကာနီရဲနေသောသူမနှုတ်ခမ်းတို့အားဘိုးထေတစ်ယောက်နမ်းရှိုက်ချင်နေခဲ့တာကြာပြီးအခုတော့ဘိုးထေအခွင့်အရေးကိုလက်လွှတ်မခံတော့ပေ။မွတ်သိပ်စွာနမ်းရှိုက်နေသောဘိုးထေကိုနွယ်၀ေမျက်လုံးအပြူးသားနဲ့စိုက်ကြည့်နေမိသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Waar verhalen tot leven komen. Ontdek het nu