The God King (part42)

71 10 0
                                    

ပေနု၀ိယာတိုင်းပြည်

၇စင်ကြယ်မိုးမျှော်တိုက်ကြီးထဲတွင်ချုပ်နှောင်ခံထားရသောမဟာစောဒေ၀ီ..

အကျဥ်းချခံထားရသည်မှာ၂လတိတ်ရှိလေပြီး..

ပြတင်းပေါက်အပြင်ဘက်ပတ်၀န်းကျင်ကိုငေးကြည့်နေရင်း''မောင်တော်...အစောကိုသတိရနေရဲ့လားဟင်..မောင်တော်ပြန်လာမယ့်အချိန်ထိအစောမျှော်နေပါ့မယ်..မောင်တော်အစောရဲ့သတင်းကိုကြားသိပါစေကွယ်...''

''ဘယ်နှယ့်လဲအမတော်ဘုရားကကျွန်ုပ်အတွက်သေချာစဥ်းစားပြီးပြီးလား..နန်းရေးကရှုပ်ထွေးလှတယ်အမတော်ရဲ့..ထီးနန်းကိုညီတော်နေဇာကိုလွှဲပြောင်းပြီးအေးအေးဆေးဆေးအနားယူလိုက်ပါတော့ကွယ်...''

ပေနု၀ိယာတိုင်းနေ၀ိယာဒါမင်းပင်...

''နေ၀ိယာဒါအသင်ကဖခမည်းတော်ရဲဲ့ကျေးဇူးကိုမှမထောက်နန်းပုလ္လင်ကိုသူယုတ်မာလက်ထဲကိုထည့်ပေးဖို့တွေးရဲတယ်..သစ္စာမရှိတဲ့သူဘဲ..အသင်ကဖခမည်းတော်ရဲ့အသက်နဲ့လဲခဲ့ပေးတာတောင်မတန်လေဘူး...''

''ဟားဟားဟား..အမတော်ဘာတဲ့ဖခမည်းတော်ဘုရားဟုတ်ရဲ့လား..အမတော်ကဦးရီးတော်အောင်သုခိဇေယျာရဲ့သမီးတော်မှမဟုတ်တာကိုဘာလို့အကျယ်တ၀င့်နဲ့ဖော်ပြနေရတာလဲ...အမတော်ကကျွန်ုပ်နဲ့၀မ်းကွဲတော်စပ်တဲ့သူဘဲကျွန်ုပ်တို့၇ပြည်ထောင်အောင်နိုင်ရေးအတွက်စဥ်းစားပေးသင့်တာပေါ့ဘာမဟုတ်တဲ့အောင်သော၀ေရာတိုင်းကိုအမတော်ဘုရားထီးနန်းဆက်ခံနေရတာပင်ပန်းလှပါတယ်ဗျာ..ဟားဟား''

''နေ၀ိယာဒါ!!!...မိုက်မဲတဲ့သူယုတ်မာနဲ့ပေါင်းပြီးကျေးဇူးရှင်ရဲ့တိုင်းကိုကျူးကျော်ဖို့ကြိုးစားတာကအသင်ဟာသူတို့ထက်ပိုပြီးမိုက်မဲတာဘဲ...''

''အမတော်ရယ်..ကျွန်ုပ်ရှည်ရှည်၀ေး၀ေးပြောမနေတော့ဘူးညီတော်နေဇာကိုထီးနန်းလွှဲပြောင်းပြီးတိုင်းပြည်ကိုအုပ်ချုပ်စေမလားကျွန်ုပ်တို့ရဲ့၇ပြည်ထောင်လက်အောက်ကိုကျရောက်စေဖို့ကျူးကျော်စစ်ခင်းရပေမလား..၂ခုထဲကတစ်ခုကိုအမတော်ရွေးချယ်နိုင်ပါတယ်''

''ဘယ်အရာဘဲရွေးချယ်ပါစေနေဇာ့ကိုထီးနန်းပေးလျှင်လည်းတိုင်းပြည်ပျက်ဖို့ဘဲရှိသလို့အသင်တို့လက်ထဲရောက်လျှင်လည်းငါ၏တိုင်းဟာစုတ်ပြတ်နုံချာတဲ့ဘ၀ကိုရောက်သွားမှာဘဲငါမရွေးချယ်နိုင်ဘူး...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Opowieści tętniące życiem. Odkryj je teraz