The God King (part77)

66 12 0
                                    

လှထွေးတစ်ယောက်အနောက်ဆောင်ကနေပြေးထွက်လာခဲ့လေသည်။

အကြောင်းမှအနောက်ဆောင်နေရာအပျိုတော်တွေချိုးရေသုံးဆောင်တဲ့နေရာဖြစ်နေတာကြောင့်ပင်

''နှာဘူး..အဲကောင်ကိုမလွတ်စေနဲ့လိုက်ကြ...''

''အား...မသိလို့လာမိတာပါတောင်းပန်ပါတယ်...''

လှထွေးတစ်ယောက်ပုဆိုးကိုကွင်းသိူင်းပြီးပြေးလာခဲ့လေရာအရှေ့မှာလျှောက်လာသောသစ္စာတို့အား၀င်တိုက်မိလေသည်။

ဘုတ်!!!

အမလေး

''ဟင်လှထွေး..ဘာလို့အခုလိုဖြစ်လာရတာလဲ..နင့်ကိုကျားဆွဲလို့လား..နန်းတော်မှာလဲကျားမရှိပါဘူး..''

''ကျားတွေမဟုတ်ဘူး..မိန်း..မိန်းးမတွေဟ..ပြေးပြီးမသစ္စာရေ...''

အား..ကယ်ကြပါအုန်းအမေရေ...

သစ္စာတို့ကိုတောင်တွန်းတိုက်ပြေးသွားတာကြောင့်သူအနောက်ကိုလှည့်ကြည့်မိလေတော့လှထွေးပြေးလာသောအနောက်ကမိန်းမပျိုတစ်သိုက်တုတ်ဆွဲပြီးလိုက်လာတာကိုမြင်တော့သူရနဲ့သစ္စာ၂ယောက်သာဘေးကိုရှောင်ပေးလိုက်ရသည်။

''လိုက်စမ်း..မိန်းကလေးရေချိုးနေတာကိုခိုးချောင်းရဲတယ်..လုံး၀ခွင့်မလွှတ်ဘူး.''

မိန်းမပျိုတွေရဲ့စကားကြောင့်သစ္စာရောသူရပါအံ့သြကုန်ကြလေသည်။

''ထင်တော့ထင်နေတာဘဲဒီကောင်အမှားတစ်ခုခုကြီးကြီးလုပ်မိလို့အခုလိုခွေးပြေး၀က်ပြေးပြေးနေရတာဖြစ်မယ်..အခုတော့အဖြေပေါ်သွားပြီးနှာဘူးထလို့ကျားမတွေ၀ိုင်းဗြင်းတာခံပေတော့လှထွေးရေ''

''ဟုတ်ပါ့..နှာဘူးထတာကလည်းအပျိုတော်တွေရေချိုးဆောင်ကိုသွားချောင်းကြည့်တာကိုနည်းတောင်နည်းသေးတယ်...လာသွားရအောင်သူရ...''

သစ္စာတစ်ယောက်သူရအားခေါ်ကာနန်းတော်၏မြောက်ဘက်ဆောင်သိူ့ထွက်လာခဲ့လေသည်။

''မမမြရယ်ဘာလို့ကိုခင်မောင်ကိုအခုလိုစိမ်းကားနေရတာလဲမမတို့ကလင်မယားတွေလေရန်ဖြစ်လည်းခနတဖြုတ်မတွေ့ကြတာမဆန်းပေမယ့်အခုကတစ်သက်လုံးမတွေ့ချင်ဘူးဖြစ်နေတာမမမြကိုခင်မောင့်ကိုအဲသလောက်တောင်မုန်းနေတာလား''လိပ်ပြာမမမြအဆောင်တော်ဘက်ကိုရောက်လာပြီးမမမြအားကိုခင်မောင်နဲ့ပတ်သက်တာကိုမေးမြေးခန်းဖွင့်နေလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်जहाँ कहानियाँ रहती हैं। अभी खोजें