The God King (part72)

64 9 0
                                    

အနောက်တိုင်းနဂါးမျိုးနွယ်

ဟေဓိဇေမာန်တိုင်း

ညီလာခံသဘင်၌ပြောကြားလာသောတမန်တော်၏စကားကိုကြောင့်ဇော၀ိတနဂါးမင်းဟာအမြုတေအတွက်အလွန်စိုးရိမ်ပူပန်သွားခဲ့ရလေသည်။

သေနပတိကြီးဆမ်ဟာအရှင်မင်းကြီးအားဦးညွတ်ကာလျှောက်ထားလေသည်။

''အရှင်မင်းကြီးအောင်သော၀ေရာတိုင်းဟာ၇ပြည်ထောင်ကိုလွယ်လွယ်ကူကူနဲ့အောင်နိုင်ခဲ့တာမဟုတ်ပေ...မင်း၀သုန်ဆိုတဲ့လူဆိုးလူပေအဖွဲ့၏စည်းလုံးမှုကြောင့်သာအောင်မြင်ခဲ့လေသည်...အဖွဲ့ခေါင်ဆောင်းမင်း၀သုန်ဟာအရှေ့တိုင်းနဂါးမျိုးနွယ်တော်၏အမွေဆက်ခံသူအဖြစ်အရှင်နဂါးမင်သုခရာဇာကရည်ညွန်းထားလေသည်...အောင်သော၀ေရာအောင်နိုင်ဖို့အတွက်အသက်ပေးဆပ်ခဲ့သောမင်း၀သုန်ဟာနဂါးကျိန်စာကြောင့်ထာ၀ရအိပ်စက်ခြင်းကိုရောက်နေရပြီး..မင်း၀သုန်ကိုယ်ထဲကအမြုတေဟာလည်းသူသေဆုံးသွားသည်နှင့်ထိုခန္ဓာကိုယ်ထဲမှာပင်ထာ၀ရချိန်ပိတ်ခြင်းခံရပေမည်အရှင်မင်းကြီး...''

''ဒါဆိုဘယ်လိုလုပ်မလဲသေနပတိကြီးကျွန်ုပ်ရဲ့အိပ်မက်တွေပျက်စီးလို့မဖြစ်ဘူးအနောက်တိုင်းနဂါးမျိုးနွယ်အတွက်နဂါးအမြုတေကိုရမှဖြစ်မယ်သေနပတိကြီးတခြားနည်းလမ်းမရှိတော့ဘူးလား''

တမန်တော်မှ''စိတ်မပူပါနဲ့အရှင်မင်းကြီးမင်း၀သုန်ကိုကယ်တင်ဖို့အတွက်သူတော်စင်နဂါးပျိုမယ်၂ဦးဟာမင်း၀သုန်ကိုနဂါးပြည်သို့ခေါ်ဆောင်သွားခဲ့ပါပြီးဘုရား''

''အရှေ့တိုင်းနဂါးမင်းကသူ၏မြေးတော်ကိုလွယ်လွယ်ပေးသေမှာမဟုတ်ဘူး...နည်းအမျိုးမျိုးနဲ့ကြိုးစားမှာဘဲ...ငါတို့တွေအခြေအနေကိုစောင့်ကြည့်ရမှာပေါ့''

အရှေ့တိုင်းနဂါးပြည်

မဟာဟိတ္တရာဇ်တိုင်း

နဂါးမင်းစံမြန်းသောဆောင်တော်ဆီသို့တမန်တော်ဟာအပြေးအလွှားနဲ့ရောက်ရှိလာခဲ့လေသည်။

''အရှင်မင်းကြီးသတင်းအကြောင်းထူးတော်မူပါတယ်ဘုရား...''

''အလို.တမန်တော်ဘာသတင်းတွေမို့ရေးကြီးသုတ်ပြာနဲ့ရောက်လာရသလဲကွယ့်''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now