The God King (part75)

66 10 0
                                    

ခင်မောင်တစ်ယောက်အခန်းရှေ့မှာစောင့်ကြောင့်ထိုင်နေသည်မှာအချိန်တစ်ခုကိုကြာခဲ့လေပြီး..အဆောင်ခန်းထဲကအမိမှာတော့သူ့အားတွေ့ချင်ပုံမရပေ။

''မြ..ကိုတောင်းပန်ပါတယ်ကွာကို့ကိုအထဲပေး၀င်ပါနော်..''

အဆောင်ထဲမှမြဟာငိုယိုကာ''ပေးမ၀င်နိုင်ဘူးရှင်ဒီနေရာကိုမလာနဲ့သွားပါတော့...''

''မြရယ်အမောင်တောင်းပန်ပါတယ်..အမောင့်တိူ့တွေ့ပြီးစကားပြောကြရအောင်မြတံခါးလေးတော့ဖွင့်ပါနော်...''

ခင်မောင်တစ်ယောက်ဇနီးဖြစ်သူမြသီရိအားအသည်းအသန်ချော့နေသည်ကိုမြင်သောလှထွေးမှခွီးကနဲရယ်ကာနန်းရင်ပြင်ပေါ်မှထွက်သွားလေသည်။

''ကာလသားချက်လှထွေး...''

မြတစ်ယောက်ညရောက်ပြီးဖြစ်တာကြောင့်အပြင်ကိုထွက်လာဖို့ဆုံးဖြတ်လိုက်လေသည်။

ခင်မောင့်အသံတိတ်သွားတာကြောင့်ထွက်သွားပြီးဟုတွေးကာအဆောင်ထဲမှထွက်လာခဲ့လေသည်။

သို့သော်ခင်မောင်ကအဆောင်၏အပြင်ဘက်မှာဒူးလေးပိုက်ကာအိပ်ပျော်နေလေသည်။ဒီအချိန်ထိဒီမှာရှိနေတာလားလေစိမ်းတွေတိုက်နေတာဖျားတော့မှာဘဲမြတစ်ယောက်သူမမသိလိုက်ခင်မှာပင်ခင်မောင့်အားစိုးရိမ်ပူပန်မိသွားလေသည်။

မြခင်မောင်အနားသို့တိုးကပ်သွားပြီးပုခုံးကိုလှုပ်ကာ''ခင်မောင်...ခင်မောင်...''

ခင်မောင်တစ်ယောက်အိမ်မက်ထဲမှမြကသူ့အားလာနှိုးတာကြောင့်နိုးလာခဲ့လေသည်။
မျက်လုံးတို့ဖွင့်လိုက်တော့အရှေ့ကမြင်ကွင်းကခင်မောင်မထင်ရအောင်အိမ်မက်လို့တွေးမိသွားသည်။ထို့ကြောင့်မျက်လုံးတို့အားပြန်လည်ပွတ်သပ်ကာဖွင့်ကြည့်လေတော့သူ့အရှေ့ကပုံရိပ်ဟာရှိနေလေသည်။

''ဒါအိမ်မက်မဟုတ်ဘူးလား...မြ..မြအမောင့်ကိုလာတွေ့တယ်..၀မ်းသာလိုက်တာမြရယ်..''ခင်မောင်တစ်ယောက်၀မ်းသာအားရနဲ့
ဖက်လေတော့မြဟာခင်မောင့်အားခါးကိုလိမ်ဆွဲကာဖယ်ခိုင်းလေသည်။

''ဘယ်လိုလုပ်နေတာလဲကျမမှာကိုယ်၀န်နဲ့သတိထားမှပေါ့''

''တောင်းပန်ပါတယ်မြ..အမောင်မြကိုယ်၀န်ရှိတာကိုမသိလို့မဟုတ်ဘူးမြကိုမဖက်ရတာကြာလို့ဖက်ချင်လွန်းလို့ပါ...''
မြကတော့အခုထိလေသံမာနေဆဲဖြစ်ပေမယ့်ခင်မောင်ကတော့သူမအားအရင်ကနဲ့မတူဘဲချစ်ရည်ရွှမ်းသောမျက်၀န်းတို့နဲ့စိုက်ကြည့်ကာ''အမောင်တို့အရင်လိုပြန်နေကြရအောင်နော်မြ...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now