The God King (part82)

68 9 0
                                    

လှထွေးတစ်ယောက်လိပ်ပြာနေတဲ့အဆောင်တော်ဆီကိုကူးလာခဲ့လေသည်။

လှထွေးအဆောင်တော်ထဲကို၀င်လာတော့ရဲမက်များက''တပ်မှူးချုပ်''ဟုခေါ်ကာအရိုသေပေးကြလေသည်။

လှထွေးနောက်မှပါလာသောနတ်သမီးသမျှလှပသောမိန်းမပျိုလေးအားသွားရည်ကျကာငမ်းကြောထနေတာကြောင့်လှထွေးတစ်ယောက်ရဲမက်တွေရှေ့ကိုပြန်ရောက်လာတော့ထိုကောင်တွေကမသိသလိုနဲ့ဘေးသို့လှည့်သွားလေသည်။

''လုံမပျိုအထဲကိုကြွပါ..''လှထွေးကမိန်းကလေးအားတရိုတသေနဲ့အထဲကိုဖိတ်ခေါ်လေတော့ထိုမိန်းကလေးကလည်းလက်ခံကာအထဲကို၀င်လာခဲ့လေသည်။

အထဲမှာတော့၂နှစ်ကျော်အရွယ်ကလေးတစ်ယောက်ကိုချီပိုးပြီးချော့မြူနေသောမိန်းကလေးတစ်ယောက်ကအရှင်မဘေးနားမှာထိုင်နေလေသည်။

အစောနဲ့လိပ်ပြာသားလေးနဲ့ဆော့ကစားပြီးသားလေးကိုချော့တိတ်ပေးနေချိန်၌အဆောင်တော်ထဲကို၀င်လာသောမိန်းမပျိုတစ်ဦး..၀တ်စားဆင်ယင်ပုံတို့ကသာမန်လူမဟုတ်မှန်းသိသာလှသည်။အစောတလွန်ထက်မှထလာပြီးလက်ဆွဲတော်ဓားကိုထုတ်လိုက်လေသည်။

''အသင်ကဘယ်သူလဲ..ဘာလို့ဒီအခန်းဆောင်ထဲကိုရောက်လာရတာလဲ...''

ဓားသွားကသုခလည်ပင်းထက်မှာပင်...သို့သော်ထိတ်လန့်ခြင်းအချင်းအရာကိုမပြသသောထိုမိန်းမပျိုကိုကြည့်ရင်းအစောအံ့သြနေမိသည်။

သုခအရှင်မအားဦးညွတ်ခစားဖို့ဒူးထောက်လိုက်လေသည်။

''အရှင်မကျနော်မျိုးမကိုမှတ်မိပါသလား..စစ်မြေပြင်မှာတွေ့ဆုံခဲ့တဲ့မိန်းမပျိုလေ..ကျနော်မျိုးမနာမည်ကမေသုခရှင်ပါ...''

''မယ်မင်းကမောင်တော့်ကိုခေါ်ဆောင်သွားတဲ့နဂါးမယ်၂ဦးထဲကတစ်ဦးပေါ့...''

''မှန်ပါ့ဘုရား''

''ဒါဆိုမောင်တော်အခြေအနေဘယ်လိုရှိလဲသက်သာလားဟင်...''

''ဒီအကြောင်းအရာတွေကိုအရှင်မင်းကြီးကအရှင်မထံကိုလျှောက်တင်ဖို့ကျနော်မျိုးမကိုလွှတ်ပေးလိုက်တာပါ....သခင်လေးအခုသက်သာနေပါပြီး...ကျိန်စာကိုလည်းပယ်ဖျက်နိုင်ခဲ့ပြီး..အရှင်မစိုးရိမ်စရာမရှိတော့ပါဘူး...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now