The God King (part87)

75 11 0
                                    

ညီလာခံသဘင်သို့ကြွရောက်လာသောနဂါးမျိုးနွယ်စုတို့အရှင်သခင်လောင်း၀သုန်အားအရိုသေပြုကာဦးညွတ်ကြလေသည်။

''အရှင်နဂါးမင်းအားဦးညွတ်ရိုသေပြုပါ၏...''

၀သုန်ကသူ့အားအရှင်နဂါးမင်းဟုခေါ်လိုက်သောရဲမက်စစ်သည်မှူးကြီးမတ်ရာတို့အားကြည့်ပြီးဘိုးတော်နဲ့ခမည်းတော်တို့ကိုအံ့သြသည့်ပုံစံနဲ့လှည့်ကြည့်လာလေသည်။

''မြေးတော်ကိုဘိုးတော်မပြောပြရသေးတဲ့ကိစ္စရှိသေးတယ်ကွယ့်...လွန်ခဲ့တဲ့၁လကဘဲဘိူးတော်ကအရှေ့တိုင်းမျိုးနွယ်စုအရှင်သခင်နေရာကိုမြေးတော်ကိုပေးအပ်ချီးမြှင့်ပေးခဲ့တယ်ကွယ့်...''

''ဘိုးတော်နဲ့ခမည်းတော်အုပ်ချုပ်သူနေရာလွှဲပြောင်းတာကျနော်ရှိနေသင့်တယ်မဟုတ်လား..ဘာကြောင့်အလျင်လိုပြုမူရသနည်း''

''မြေးတော်ကိုယာယီအုပ်ချုပ်သူနေရာကိုပေးအပ်ခဲ့တယ်ဆိုပေမယ့်ဘိူးတော်နဲ့ခမည်းတော်တို့ကိုမြေးတော်ကိုအုပ်ချုပ်သူအစစ်အမှန်ဖြစ်စေချင်လို့မြေးတော်ကိုအသိမပေးဘဲချက်ချင်းစီစဥ်လိုက်တာပါကွယ်...''

''ဒါဆိုကျနော်ကအခုအုပ်ချုပ်သူအစစ်အမှန်ပေါ့...''

''ဟုတ်တာပေါ့၀သုန်အခုမင်းကအိမ်ရှေ့စံရာထူးကနေအရှေ့တိုင်းနဂါးမျိုးနွယ်စုကိုသာမကာနဂါးမျိုးနွယ်တော်အားလုံးရဲ့အရှင်သခင်ဖြစ်နေပြီး..အခုသမီးတော်ကိုခေါ်လိုက်ရတာကဒီအကြောင်းတွေကိုပြောပြချင်လို့ပါဘဲကွယ်...''

''ကဲမြေးတော်လာကွယ့်..''သုခရာဇာဟာသူ၏မြေးတော်အားပုလ္လင်ထက်သို့ကြွလာရန်ခေါ်လိုက်လေသည်။၀သုန်ဘိုးတော်ဘုရားရှိရာပုလ္လင်ပေါ်သို့တက်ရောက်လာတော့ဘိုးတော်က၀သုန်အားပုလ္လင်ထက်စံမြန်းစေကာဦးခေါင်းတော်ပေါ်သိူ့နဂါးတို့ရဲ့အရှင်သခင်ဟုအသိအမှတ်ပြုခြင်းခံရတဲ့သရဖူကိုဆောင်းပေးသည်နှင့်တပြိုင်နက်ပုလ္လင်အောက်မှ၀သုန့်အားခစားနေကြသောနဂါးတို့ဟာအော်ဟစ်ကာဂုဏ်ပြုကြလေသည်။

''ရေး..နဂါးတို့ရဲ့အရှင်သခင်..နဂါးတို့ကိုအုပ်ချုပ်မယ့်အရှင်သခင်ပေါ်ပေါက်လာပြီးကွ...ရေး...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now