The God King (part18)

75 11 0
                                    

စောတစ်ယောက်ညကငိုထားတာများတော့မနက်ရောက်တော့မျက်လုံးဖောရောင်နေလေသည်။

အစောဒီနေ့ညီလာခံမရှိတာကြောင့်ဘာမှလုပ်စရာမရှိပေ။ဒီနေ့သာညီလာခံရှိရင်တော့အစောမျက်နှာကြောင့်အမတ်ကြီးများမေးခွန်းထုတ်ကြလိမ့်မည်။

အစောတစ်သက်မှာညတုန်းကလိုတခါမှမငိုဖူးပါဖခမည်းတော်နဲ့မယ်တော်နတ်ရွာစံတုန်းကတောင်အခုလောက်ထိမငိုဖူးပါ။ဘာမဟုတ်တဲ့အညတရလုလင်ပျိုနဲ့ကျမှအစောမျက်လုံးများဖောရောင်သည်အထိအငိုသန်ခဲ့ရသည်။

အစောရင်ထဲမှာ၀သုန်ကအဲလောက်ထိတောင်နေရာယူထားခဲ့လေပြီးလား...

၀သုန်တစ်ယောက်ကျန်တဲ့သူများမနိုးသေးခင်မှာပင်နိုးလာကြီးအရှင်မအဆောင်တော်ဘက်သို့ထွက်လာခဲ့လေသည်မနက်စောကြီးမို့လို့လားမသိအရှင်မအဆောင်နားမှာအစောင့်တို့ကင်းရှင်းနေသည်ကိုတွေ့ရလေသည်။

''အစောင့်မနက်စာသွားစားကြတာဖြစ်မယ်...''

၀သုန်ရေရွတ်ရင်းအရှင်မအဆောင်ထဲကို၀င်လာခဲ့လေသည်။
အစောရေမိုးချို့သန့်စင်ပြီးအ၀တ်စားလဲရန်ပြင်ဆင်ချိန်မှာအခန်းထဲကို၀င်ရောက်လာသော၀သုန်ကြောင့်သူမလန့်ဖြတ်သွားကာဘေးနားမှဓားကိုဆွဲထုတ်ပြီး''မောင်မင်းဘယ်လိုလုပ်၀င်ရောက်လာတာလဲ''

အစောယောကျာ်းတစ်ယောက်ရှေ့မှာ၀တ်စလစ်နဲ့အလွန်ပင်ရှက်လွန်းလှသည်။

''အရှင်မကိုလျှောက်တင်စရာရှိလို့ပါ...ကျနော်မျိုးမရည်ရွယ်ပါဘူးဘုရား...''

''အခုချက်ချင်းထွက်သွား...''

''ကျနော်မျိုးတောင်းပန်ပါတယ်''

၀သုန်အခန်းဆောင်ပြင်ဘက်ထွက်လာတော့''ကျစ်၀သုန်ဘာလို့အချိန်ကိုက်၀င်သွားရတာလဲကွာ...''

အစောတစ်ယောက်၀သုန်သူမအ၀တ်လဲချိန်၀င်လာတာကြောင့်ရှက်သွေးဖြာကာမျက်နှာတော်နီရဲလာခဲ့လေသည်။

''၀သုန်တကယ်ပါဘဲ...''

အစောအ၀တ်စားလဲပြီးတော့အခန်းဆောင်ပြင်ဘက်ကိုထွက်လာခဲ့လေသည်။

၀သုန်ဘေးနားမှာနံရံကိုမှီနေရင်းမှိန်းနေလေသည်။အရှင်မရောက်လာတာကြောင့်၀သုန်အရှင်မအနားသွားကာ''အရှင်မ..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now