The God King (part60)

90 11 0
                                    

တေဏိမာ၀ေတိုင်းချောင်းဦးကျေးရွာလေးမှာမြစ်ကမ်းနဖူးမှာတည်ဆောက်ထားသောတံငါရွာလေးတစ်ရွာပင်

ရွာလူကြီးဦးဘိုးချိုကရွာထဲကတံငါသည်များအားဦးစီးအုပ်ချုပ်ရသောတံငါရွာသူကြီးပင်...စိတ်ထားကောင်းပြီးအများအကျိုးကိုဆောင်ရွက်နေသူတစ်ယောက်လည်းဖြစ်သည်။

''ကဲဒီနေ့မြစ်ထဲမှာငါးပိုက်ချပြီးရင်ပုဇွန်ထောင်ဖို့ချောင်းထဲကိုသွားမယ်ဟေ့''

ဦးဘိုးချိုကအသက်၅၀ကျော်ရှိပြီးဆံပင်များမှာယခုချိန်ထိမဲနက်နေကာအရပ်ထောင်''မောင်း''နဲ့လူထွားကြီးတစ်ယောက်ဦးဘိုးချိုရေထဲဆင်းလို့ခါးထောင်းကျိုက်တဲ့အခါပေါ်လာတတ်တဲ့ထိုးကွင်းမင်ကြောင်များ...ဦးဘိုးချိုကိုဆိုတံငါသည်များကလေးစားကြသလိုချစ်ခင်ကြလေသည်။

''အဘ....အဘ''မြစ်ဆိပ်ကိုပြေးလာသောအသက်20အရွယ်ရှိမည့်မိန်းမပျိုတစ်ဦး...ခေါင်းပေါ်မှာလည်းတောင်းတစ်လုံးကိုသယ်ထားလေသည်။

''ဟေသမီးထွေးငယ်ဘာတွေလဲဟေ့''

''မမကအဘတို့စားဖို့လာပို့ခိုင်းလို့ပါ...''

''အဘတို့ကခနနေပြန်လာမှာဘဲလေ..အဲကျမှစားမှာပေါ့ဘာလို့တကူးတကကြီးလာပို့နေရတာလဲသမီးငယ်ရယ်...''

''အဘရယ်ထွေးပို့တာမဟူတ်ပါဘူးမမနွယ်ကအဘတို့ကိုနေ့လည်စာလာပြန်စားပြီးပြန်သွားနေရတာမကြည့်ရက်လို့အခုလိုလာပို့ခိုင်းတာပါကွယ့်...ရော့ထွန်းလူ..နင်တို့တွေအဖို့ရောပါတယ်''
ထွန်းလူဆိုတဲ့လူကအသားခပ်ညိုညိုနဲ့အရပ်မနိမ့်မမြင့်လူတစ်ယောက်ရုပ်ကြမ်းပေမယ့်အလုပ်ကြိုးစားသောသူမို့ရွာကလူတွေကချစ်ခင်ကြလေသည်။

''ကျေးဇူးပါဘဲထွေးငယ်...ဦးလေးကျုပ်တို့ဒီနေ့အဖို့ငါးများများရတော့မှာ...အိမ်ပြန်လာစရာမလိုတော့ဘူးဟိုမှာဘဲထမင်းစားရင်ပိုက်ထားရင်းအဆင်ပြေပြီးဗျ...''

''ကဲထွေးငယ်သမီးအိမ်ပြန်နှင့်တော့ကွယ့်အိမ်မှာညဥ်းအမတစ်ယောက်တည်း..''

''ဟုတ်ကဲ့အဘ..မြစ်ထဲဆင်းရင်းဂရုစိုက်နော်..''

''အေးပါကွယ်အဘဂရုစိုက်လိုက်ပါ့မယ်...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now