The God King (part96)

85 10 0
                                    

ရှပ်...ရှပ်..ရှပ်...

ညသန်းခေါင်ယံအချိန်မှာတော်နန်းဆောင်ထဲကို၀င်လာသောခြေသံ...

အိပ်မောကျနေသောအရှင်နဲ့မိဖုရားအနားကိုဖြည်းညင်းစွာတိုးကပ်လာသည်။ညရဲ့လရောင်ကအဆောင်ရဲ့လေကောင်းလေသန့်ရသောလသာဆောင်ဘက်ကနေအလင်းကျနေတာကြောင့်လသာဆောင်ရဲ့အလင်းကျရာနေရာတလွန်ထက်မှာလဲလျောင်းအိပ်စက်နေသောအရှင်နဲ့မိဖုရားအပေါ်မှာဖြာကျနေလေသည်။

ခြေသံပိုင်ရှင်ဟာလက်ထဲမှထက်လှစွာသောနဂါးစွယ်တစ်ခုကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားပြီးအိပ်စက်သောမိဖုရားဘေးကအရှင်အားစူးစိုက်ကြည့်နေလေသည်။

ထိုအကြည့်တွေအရှင်အပေါ်နာကျည်းမုန်းတီးနေသောအရိပ်ယောင်ကထင်ဟပ်လို့နေသည်။

လက်ထဲကနဂါးစွယ်ကိုကိုင်မြှောက်ကာအရှင်ရဲ့နှလုံးသားနေရာကိုထိုးစိုက်ဖို့လုပ်ချိန်

စွပ်!!!

မှော်၀င်နဂါးဓားဟာသူ၏ရင်၏ရင်၀ကိုစိုက်၀င်နေလျက်ထိုလူဟာအရှင့်အားအံ့သြတဲ့အကြည့်မျိုးနဲ့ကြည့်နေလေသည်။

''မင်းရဲ့လှုပ်ရှားမှုတွေကတည်ငြိမ်မှုမရှိဘူးဟစ္စရာ...''

မျက်လုံးတို့ဖွင့်လာသောအရှင်..ဘေးနားမှာဘုံကတော့အိပ်မောကျနေလေသည်။

''ဘယ်လိုလုပ်ပြီးသိနေရတာလဲ..ငါလှုပ်ရှားတာဖြေးညင်းလွန်းတယ်လေ..အာ့''

''မင်းရဲ့အသက်ရှုနှုန်းနေတွေကမြန်ဆန်ပြီးစိတ်လှုပ်ရှားနေတယ်လေ..ငါမရိပ်မိဘူးထင်နေတာလားဟစ္စရာ..ငါကမင်းဒီအဆောင်ထဲကို၀င်လာကတည်းကသိနေတယ်...ဘာလို့ဒီလိုလုပ်ရတာလဲ...''ဟစ္စရာက၀သုန့်အမေးကိုနာကျည်းသောအပြုံးနဲ့

''ကျနော်ခဗျားကိုမကျေနပ်လို့..''

''ဘာကိုမကျေနပ်တာလဲဟစ္စရာ''

''ရွှေဘုံမြနန်းကိုကျနော့်ဘ၀ထဲကနေဆွဲထုတ်သွားခဲ့လို့မကျေနပ်တာကွ...ခဗျားကကျနော့်ရဲ့လှုပ်ရှားမှုကိုအရင်ဦးဆုံးသိသွားခဲ့တယ်ဒါပေမယ့်ခဗျားလည်းကျနော်လိုနာကျင်စွညသေဆုံးရမယ်မင်း၀သုန်...စွပ်..''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now