The God King (part92)

67 12 1
                                    

၀သုန်ညဘက်အိပ်မရတာကြောင့်လသာဆောင်ဘက်မှာဗဟုသုတရမယ့်စာပေတွေကိုအမွှေးနံ့သာဖယောင်းတိုင်ကြီးကိုထွန်းညှိကာတစ်ယောက်ထဲလသာဆောင်မှာစာဖတ်နေလေသည်။

ဘုံတစ်ရေးနိုးတော့ဘေးနားမှာမောင်တော်ကရှိမနေပေ၊ညကြီးမင်းကြီးမောင်တော်တစ်ယောက်မနားဘဲအလုပ်တွေလုပ်နေပြန်ပြီးလားဆိုပြီးစိတ်ပူကာမောင်တော်ကိုလိုက်ရှာလေတော့လသာဆောင်ဘက်မှာဖယောင်းတိုင်မီးတွေထိန်ထိန်လင်းနေတာကြောင့်မောင်တော်ဖြစ်မည်ဟုတွေးကာထိုနေရာသို့လျှောက်လာခဲ့လေသည်။

လသာဆောင်ဘက်ကိုရောက်လာတော့မောင်တော်ဟာစာပေလိပ်ကိုအာရုံတစ်စိူက်ဖတ်ရှုနေပုံရသည်။ဘုံလာသည်ကိုတောင်သတိမထားမိပေ။

''မောင်တော်...''

၀သုန်စာထဲကိုအာရုံရောက်နေတဲ့အချိန်အနောက်မှာဘယ်ချိန်ကတည်းကရောက်လာမှန်းမသိတဲ့ဘုံရဲ့အသံကြောင့်လန့်ဖြန့်ကာစာပေလိပ်တောင်ကိုင်ထားရာမှလွတ်ကျသွားလေသည်။

''အမလေး..ဟင်..ဘုံဘယ်ချိန်ကတည်းကရောက်နေတာလဲ''

ဘုံကဆူပုတ်ကာ''အခုဘဲရောက်တာမောင်တော်ကစာကိုအာရုံစိုက်နေတော့ဘုံလာတာကိုဘယ်သိမလဲ...''

''ဟုတ်လား..ဒါနဲ့နေပါအုန်းဘာလို့ဒီကိုရောက်လာရတာလဲအိပ်ပျော်နေတာမလား''

''အိပ်ပျော်နေတာပေါ့ဒါပေမယ့်ဘေးနားမှာမောင်တော်ကမရှိတော့အလုပ်တွေထပ်လုပ်နေပြန်တာလားဆိုပြီးစိတ်ပူပြီးလိုက်ရှာရတာအခုတော့မောင်တောင်ကဒီမှာစာပေတွေထိုင်ဖတ်နေပြန်ပြီး..ဘုံ့စကားနားမထောင်ဘူး''ဘုံကပြောနေရင်းအသံတို့ဟာတိမ်၀င်သွားလေသည်။သူမစိတ်မကောင်းဖြစ်နေမှန်းသိတော့၀သုန်သူမအနားသိူ့လျှောက်လာပြီးမေးရိုးကိုကိုင်ပြီးမျက်နှာကိုမော့စေကာအကည့်ချင်းဆုံစေသည်။

''ဘုံရယ်မောင်တော်အိပ်မပျော်လို့ပါဘုံ့စကားနားထောင်လို့မောင်တော်အလုပ်မလုပ်ဖူးလေ...''

''ဒါဆိုဘုံနဲ့ပြန်လိုက်ခဲ့အိပ်မယ်...ဒီမှာရှင်ကြီးမရှိရင်မနေနိုင်တဲ့သူကိုတစ်ယောက်ထဲပစ်ထားရက်တယ်...''ပြောလည်းပြောရင်ခွင်ထဲတိုး၀င်လာသောကောင်မလေး..၀သုန်တို့၂ယောက်ထဲရှိတဲ့အချိန်တွေဆိုသူမက၀သုန်အပေါ်မှာဆိုးနွဲ့တတ်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now