The God King (part93)

115 11 2
                                    

မွေးနေ့ကိုနဂါးတို့ရဲ့နန်းတော်မှာဘဲစည်ကားစွာကျင်းပလိုက်လေသည်။

မွေးနေ့ပွဲကျင်းပပြီးတော့၀သုန်တစ်ယောက်၀ေဿရာဥယျာဥ်တော်ကြီးဆီသို့ခြေဦးလှည့်လာခဲ့လေသည်။

ညချမ်းရဲ့အလှတရားကဒီဥယျာဥ်တော်ထဲမှာပိုပြီးတော့အသက်၀င်နေခဲ့သည်။

၀သုန်သေရည်ကိုယူလာပြီးဥယျာဥ်တော်ရဲ့အနောက်ဘက်တည်းခိုဆောင်တစ်ခုထဲကို၀င်လာခဲ့လေသည်။

ဒီနေ့ညတော့ဒီမှာဘဲအချိန်တွေကုန်ဆုံးတော့မည်ဟုဆုံးဖြတ်ထားသည်။

အစောပွဲတော်မှာမောင်တော့်အရိပ်ယောင်ကိုမတွေ့တော့တာကြောင့်လိပ်ပြာနဲ့ဘုံအားမေးလေသည်။

''လိပ်ပြာမောင်တော့်ကိုတွေ့မိသေးလား..''ဘုံနဲ့စကားကောင်းနေသောလိပ်ပြာနားသို့အစောရောက်လာတော့၂ယောက်သားစကားစပြတ်သွားလေသည်။

''မောင်တော်ဘုရားကခနကဘဲ၀ေဿရာဥယျာဥ်ဘက်ကိုထွက်သွားတာတွေ့လိုက်တယ်အရှင်မ..''

''လိပ်ပြာခေါ်သလိုအမတော်လို့ဘဲခေါ်ပါဘုံရယ်..မရင်းနှီးကြတဲ့သူတွေမှမဟုတ်တော့တာ...''အစောကပြုံးရယ်ရင်းပြောလိုက်လေသည်။

မောင်တော်ဇနီးဆိုတော့အစောတို့နဲ့လည်းပတ်သက်မှုရှိတယ်လေ...

ဘုံကပြုံးရင်း''ဟုတ်ကဲ့အမတော်...''

''လိပ်ပြာအမတော်မောင်တော်ဆီသွားအုန်းမယ်နော်...''

''ဟုတ်ကဲ့အမတော်...''အစောလိပ်ပြာတို့ကိုနှုတ်ဆက်ပြီး၀ေဿရာဥယျာဥ်တော်ကြီးဆီသို့ဦးတည်လာခဲ့လေသည်။

ဥယျာဥ်တော်စောင့်နဂါးစစ်သည်တွေကအစောကိုမြင်တော့အရိုအသေပေးကြပြီး''အရှင်မဘုရား..ဒီအချိန်ကြီးဥယျာဥ်တော်လာတာအကြောင်းရှိလို့ပါသလား''ထိုထဲမှခေါင်းဆောင်ဖြစ်ဟန်တူသူကမေးလာလေသည်။

''ဟုတ်တယ်ကွယ့်မောင်တော်ဘုရားကိုတွေ့ဖို့လာခဲ့တာ..မောင်တော်ရှိတယ်မလား''

''မှန်ပါ့အုပ်ချုပ်သူကအနောက်ဘက်နားနေဆောင်မှာရှိနေပါတယ်..ကျနော်မျိုးလိုက်လံပို့ဆောင်ပေးတော်မူပါ့မယ်ဘုရား..ကြွပါ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now