The God King (part53)

68 8 0
                                    

ပစ္စလီကာတိုင်း

ခင်မောင်တစ်ယောက်လှထွေးပေးတဲ့စာကိုဖတ်ပြိး၀မ်းသာပိတီဖြစ်နေတော့သည်။

''ဒါဆိုပစ္စလီကာတိုင်းကိုစစ်ချီလာတော့မယ်ပေါ့''

''ဟုတ်တယ်ကိုခင်မောင်..မကြာခင်ကျုပ်တို့အောင်သော၀ေရာက၇ပြည်ထောင်ထဲကတပြည်ထောင်ကိုအောင်နိုင်တော့မယ်ကွ...''

''ပေနု၀ိယာတိုင်းကိုလည်းအောင်နိုင်ပြီးအခုပစ္စလီကာတိုင်းကိုကျူးကျော်ချီတက်လာတော့မယ်...''

''ဒါနဲ့ကိုခင်မောင်ကျုပ်တို့တွေနေ့တိုင်းဒီနန်းတော်ကလူတွေကိုအဆိပ်ခတ်နေတာသူတို့တွေမသေကြသေးဘူးလား''

''အဆိပ်ခတ်တာကသေတဲ့အထိလုပ်ရင်ပြသနာတက်သွားမှာပေါ့..ရန်သူကိုအဆိပ်မိပြီးတဖြည်းဖြည်းသေအောင်သတ်လို့ရပါတယ်ကွာ...''

''ဒါနဲ့ကိုခင်မောင်ဖော်တဲ့အဆိပ်ဆေးကဘာအဆိပ်လဲ''

''နွယ်နီပင်အဆိပ်တစ်မျိုးဘဲကွအဲအဆိပ်ကထူးခြားတဲ့အစွမ်းအာနိသင်တမျိုးရှိတယ်..''

''ဟုတ်လား..ဘယ်လိုမျိုးလဲ''

''နွယ်နီပင်အဆိပ်ကဆေးဖော်ပြီးလူနာတွေကိုရောဂါပျောက်ကင်းအောင်အသုံးပြုနိုင်သလိုကြာကြာမှီ၀ဲရင်ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်ကွယ့်..နွယ်နီအဆိပ်ကိုနေ့တိုင်းသောက်သုံးရင်အချိန်ကြာလာတာနဲ့သွေးတွေပွက်ပွက်အန်ပြီးသေဆုံးတတ်တယ်ကွယ့်...''

''ထူးခြားမှုတွေကအဲတာလား..''

''ထူးခြားမှုကနွယ်နီပင်တွေဟာအဆိပ်တွေအားလုံးနိုင်တဲ့အပင်တမျိုးဘဲလှထွေး..''

''ကိုခင်မောင်ပြောလိုက်မှဘဲကျုပ်နားရှင်းတော့မယ်..ဒါနဲ့ကိုခင်မောင်မင်းသမီးလေးမြသီရိကိုမတွေ့တာကြာပြီးနော်..သူ့ကိုမလွမ်းဘူးလား''

ဆေးဖော်နေချိန်မှာထဖောက်သောလှထွေးပင်

ခင်မောင်ဆေးဖော်နေသည့်ကိုရပ်တန့်လိုက်ပြီးလှထွေးဘက်ကိုကြည့်ကာ''မင်းကဘာလို့မေးတာလဲ''

''ကျုပ်သိချင်လို့ပါ...ဖြေပါနော်ကိုခင်မောင်မြသီရိကိုမလွမ်းဘူးလား''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now