The God King (part61)

65 9 0
                                    

အဘတို့ပြန်ရောက်လာတော့လူစိမ်းတစ်ယောက်ပါပါလာလေသည်။

ထွန်းလူနဲ့မောင်ထူးတို့၂ယောက်ထိုလူကို၂ယောက်ထမ်းကာခေါ်လာခဲ့လေသည်။

အိမ်ရှေ့ကိုရောက်တော့ကွပ်ပျစ်ပေါ်မှာထိုလူစိမ်းကိုတင်ပေးကာ''ဦးလေးကျုပ်တို့ဒီမှာထားခဲ့ပြီးနော်...''

''အေးမင်းတို့တွေရေမိုးချိုးပြီးရင်နားတော့ကျန်တာငါဘဲဆက်လုပ်လိုက်မယ်...''

အသားညိုတာလည်းမဟုတ်ဖြူတာလည်မဟုတ်သောထိုလူကိုနွယ်၀ေနဲ့ထွေးငယ်တို့တွေအတူတူကြည့်နေကြတာကြောင့်ဦးဘိုးချိုချောင်းဟန့်လိုက်လေသည်။

အဟမ်း...

''သမီးတို့လုပ်စရာရှိတာသွားလုပ်ကွယ့်''

''အဘဒီလူကဘယ်သူလဲ''

''သူ့ကိုမြစ်ဆိပ်မှာတွေ့လို့ခေါ်လာတာ..ကြည့်ရတာစစ်တိုက်ရင်းတစ်ခုခုဖြစ်လာခဲ့တာထင်ပါ့ကွယ်...''အဘကပြောရင်းဆိုရင်းနဲ့ထိုလူရဲ့စစ်၀တ်တန်ဆာတွေကိုချွတ်နေလေသည်။

''အဘသမီးတို့လည်း၀ိုင်းကူပေးမယ်...''

''အေးအေး..''
နွယ်၀ေနဲ့ထွေးငယ်လည်းထိုလူရဲ့အ၀တ်စားတွေကိုကူချွတ်ပေးပြီးနောက်အဘကဘဲသူ့ကိုအဘရဲ့အ၀တ်စားတွေကို၀တ်ပေးပြီးသမားတော်ကိုခေါ်ကာလူငယ်ရဲ့ရင်ဘတ်ကဒဏ်ရာကိုကုသပေးလေသည်။

''ဒီဒဏ်ရာကအဆိပ်မိလာတာ..တိုက်ပွဲမှာတိုက်ခိုက်ရင်းအဆိပ်ပါတဲ့လက်နက်နဲ့တိုက်ခိုက်ခံရတာဖြစ်မယ်..ဒီကလူငယ်လေးကတော်တော်လေးထူးဆန်းတယ်ကွယ့်''

''ဘာလို့လဲဆရာ''

''ဒီလိုပြင်းထန်တဲ့ခရမ်းရောင်အဆိပ်ကိုမိထားတာတောင်မေ့မျောရုံကလွဲပြီးအသက်မသေခဲ့ဘူး...ကျုပ်တစ်သက်မှာဒီလိုလူကိုဒီတခါဘဲတွေ့ဖူးတယ်...''

''ဆရာဒီလူလေးကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးပေါ့''

''အင်းမေ့မျောနေတာဘဲဆိုတော့စိုးရိမ်စရာမရှိဘူး..ကျုပ်သူ့အတွက်ဆေးစပ်ပေးခဲ့မယ်ဒါကသူ့ဒဏ်ပေါ်မှာတနေ့၃ကြိမ်တိတိလိမ်းပေးရမယ်..ဒါကဒီလူငယ်လေးနိုးလာရင်သောက်ဖို့ဆေးထုတ်...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Onde histórias criam vida. Descubra agora