The God King (part30)

88 10 1
                                    

မှောင်ရိပ်တွေဖုံးလွှမ်းနေသောဂူကြီးထဲတွင်ဘိုးထေသတိရလာချင်းပင်ချက်ချင်းထွက်ပေါက်ကိုလိုက်ရှာခဲ့ပေမယ့်ရန်သူတွေကသူတို့အားထွက်မရအောင်ပိတ်ထားခဲ့လေသည်။

''ကျစ်...ညီခင်..မင်းဘယ်မှာလဲ''

''ကိုဘိုးထေကျုပ်ဒီမှာဗျ...ဒီဂူကထွက်ပေါက်မရှိဘူး..ကျုပ်တို့ဘာဆက်လုပ်မှာလဲ''

''ကျစ်မရရအောင်လုပ်ရမှာပေါ့ဂူဖောက်ပြီးပြေးကြမယ်...''

ကျစ်လစ်မာကြောတဲ့ကျောက်သားနံရံတွေကိုဘယ်လိုလုပ်ပြီးထိုးဖောက်နိုင်မှာလဲတွေးမိကောင်းတွေးမိလိမ့်မည်။ဘိုးထေကတော့သူတို့အတွေးကိုဂရုမစိုက်ပေ။သူ၏လှံတော်ကိုသူယုံကြည်သည်။

*ဘိုးယက္ခ၏ငွေလှံတော်ဟာဤကျောက်သားတွေကိုထိုးမဖောက်နိုင်ဘူးဆိုတာကျုပ်မယုံဘူး..စမ်းကြည့်ရတာပေါ့...*

လှံတော်ကိုလက်အုပ်ချီကိုင်တွယ်ပြီးဘိုးယက္ခသင်ကြားပေးထားသောဂါထာတော်ကိုမန်းမှုတ်လိုက်လေသည်။

ပြီးနောက်ထိုဂူကိုရဲ့အရှေ့ဟုခံစားရသောနေရာဆီသို့မျက်လုံးစုံမှိတ်ကာပစ်ခွင်းလိုက်လေသည်။

ဖောက်!!!၀ုန်း..၀ုန်း..

မြေငလျင်လှိုင်းခတ်သွားသလိုဂူကြီးတစ်ခုလုံးလှုပ်ခါလာလေသည်။

''အားလုံးဂူပြိုတော့မယ်မြန်မြန်ထွက်ကြ...''ညီခင်နဲ့ကျန်တဲ့သူတွေကိုရှေ့ဆုံးကထွက်စေပြီးဘိုးထေတစ်ယောက်နောက်ဆုံးမှထွက်လာလိုက်သည်။

ထိုအချိန်မှာပင်တောင်ပေါ်လမ်းကနေပြေးဆင်းလာကြသောမသေသေးတဲ့သွေးမြူရိပ်တောင်ဓားပြတွေနဲ့ဘိုးထေတို့အားလှည့်စားကာဖမ်းဆီးခဲ့သောလူစုများဟာအရိပ်မဲကြီးနောက်သို့သဲကြီးမဲကြီးလိုက်လာနေသည်ကိုတွေ့ရတော့ဘိုးထေလှံတော်ကိုနံချက်ကူပုံစံပြောင်းလဲလိုက်ပြိးနောက်ကလိုက်လာသောသူတွေဆီသို့လှည့်ပတ်ကာပစ်ခွင့်လိုက်လေသည်။

ညီခင်ကမြှားတံ၄ချောင်းကိုပြိုင်တူကိုင်ပြီးလေးကြိုးကိုဆွဲတင်ကာကိုဘိုးထေ၏ပစ်မှတ်တွေဆီသို့ဦးတည်စေလိုက်သည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now