The God King (part54)

70 9 0
                                    

ညသန်းခေါင်အချိန်တွင်ပစ္စလီကာတိုင်း၏လမ်းမထက်တွင်မောင်းနှင်လာသောမြင်း၅ကောင်ဆွဲသည့်လှည်းတစ်စီးထိုလှည်းတွင်ပစ္စလီကာတိုင်းရဲ့မိဖုရားခေါင်နဲ့သူမ၏ယောင်းမတော်နဲ့သမီးတော်တို့ပါလာလေသည်။ထိုလှည်း၏ဦးတည်ရာကသောတိယတိုင်းကိုပင်...

ယခုချိန်ထိမျက်ရည်ဆက်လက်နဲ့လိုက်ပါလာကြသောမိန်းမသား၃ယောက်တို့ဟာပစ္စလီကာတိုင်းကိုစွန့်ခွာရတော့မည်။

ခင်မောင်ညဦးကတည်းကကြိုတင်စီစဥ်ထားပြီးသူ၏အဖွဲ့ပုန်ကန်သူဟန်ဆောင်ပြီးမြောက်မြို့ရိုးကိုဖျက်ဆီးထားသောတပ်သားများကိုစေလွှတ်ကာထိုလှည်းရင်ကိုစောင့်ရှောက်ဖို့ပါသွားတဲ့တပ်မှူးချုပ်တေခနဲ့ကျန်တဲ့ရဲမက်များကိုရှင်းခိုင်းလေသည်။

ဟီးးးး

တိုင်းပြည်၏မြို့ရိုးတံခါးအပြင်ဘက်ကိုရောက်သည်နှင့်မြောက်ဘက်အရပ်ကနေဖုန်တလူလူနဲ့မြင်းခွာသံများဆူညံစွာထွက်ပေါ်လာလေသည်။

''အားလုံးမိဖုရားခေါင်တို့ကိုကာကွယ်ကြ...''

ချွင်!!!

ရဲမက်တို့ဟာလှည်းယာဥ်ကို၀န်းရံကြပြီးဓားများကိုထုတ်ကာအသင့်အနေထားကိုရောက်နေကြလေသည်။

တပ်မှူးချုပ်တေခဟာမြောက်ဘက်အရပ်ကချီတက်လာသောမြင်းတွေနဲ့အ၀တ်နဲ့ခြုံထားသောလူတစ်စုကိုသေချာအကဲခတ်ကြည့်နေမိသည်။

ခင်မောင်ဦးဆောင်တဲ့သူပုန်ပြောက်ကျားအဖွဲ့ဟာမြောက်အရပ်ကနေချီတက်လာခဲ့လေသည်။

ခင်မောင်ကတော့သူ့ရဲ့လက်ဆွဲတော်လောက်လေးဂွကိုထုတ်ကာသံလုံး၅လုံးကိုထုတ်ပြီးရဲမက်စစ်သည်တို့၀န်းရံထားတဲ့နေရာသို့ပစ်လွှတ်လိုက်လေသည်။

သံလုံးကလောက်စာလုံးလောက်သာသာရှိတာကြောင့်အမှတ်တမဲ့ကြည့်လျှင်ခဲလုံးတစ်လုံးလိုသာ...

တပ်မှူးချုပ်တေခသူတို့ဆီသို့ကျလာသောအလုံးတွေကိုသေချာအကဲခတ်နေချိန်မှာပင်ထိုအလုံးတွေထဲမှအခိုးအငွေ့တစ်ချို့လွှတ်ထုတ်လိုက်တာကြောင့်ထိုနေရာတစ်၀ိုက်မီးခို့ငွေ့များတလူလူနဲ့အမြင်အာရုံများကိုအမှောင်ဖုံးထားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now