The God King (part27)

77 9 0
                                    

အစောမောင်တော့်ကိုတလွန်မှာလဲလျောင်းစေပြီး''မောင်တော်ဒီညအစောရဲ့နန်းဆောင်မှာဘဲအိပ်လိုက်ပါ...''

''ဟို...''

၀သုန်ပြောမယ့်စကားများရပ်တန့်သွားစေမည့်သူမလုပ်ရပ်ကြောင့်၀သုန်မျက်လုံးအစုံတို့ပြူးကျယ်လာရသည်။

ဟုတ်ပါသည်။၀သုန်နှုတ်ခမ်းကိုထိကပ်ထားသောသူမနှုတ်ခမ်း...၀သုန်အသက်ပင်၀၀မရှုရဲပေ။စိုက်ကြည့်နေသောမျက်၀န်းတို့ကအမိန့်ပေးရန်တောက်ပနေတတ်လေသည်။ကြည်လင်လှသည်။စူးရှပြီးသူမမျက်၀န်းတွေရဲ့အကြည့်ဟာညို့ငင်ဖမ်းစားနေသလိုမျိုး၀သုန်မနေတတ်ပေ။

ထိကပ်ထားသောနှုတ်ခမ်းကိုဖယ်ခွာလိုက်တော့အရှင်မဟာ၀သုန့်ရဲ့လည်ပင်းကိုပိုတိုးလို့ဖက်ကာနှုတ်ခမ်းတို့ကိုပြန်လည်စုပ်ယူနမ်းရှိုက်လိုက်လေသည်။

ပြွတ်!!!

၀သုန်တစ်ယောက်အရှင်မကိုယ်လေးကိုတွန်းဖယ်ဖို့ကြိုးစားတော့ဒိုင်းကနဲရောက်လာတဲ့အကြည့်စူးစူးနဲ့အမိန့်ပေးသံ

''ငြိမ်ငြိမ်နေ!!!''

၀သုန်ဘာကြောင့်မှန်းမသိပေ။အရှင်မအမိန့်တော်အောက်မှာဘာကြောင့်များနာခံနေမိသနည်း..အဓိကတရားခံကသူမမျက်၀န်းတွေပင်ထိုမျက်၀န်းတွေကိုခနတာငေးမောမိတာနဲ့နွံထဲကျဆင်းသွားသည့်နှယ်ရုန်းမထွက်နိုင်တော့ပေ။

အစောမောင်တော်ကိုတလွန်ပေါ်သို့လဲလျောင်းစေပြီးသူမအ၀တ်တွေကိုချွတ်ပစ်နေတာကြောင့်၀သုန်ထိန့်လန့်သွားလေသည်။

''အရှင်မ!!ဘာ..ဘာလုပ်တာလဲ...မသင့်တော်ပါဘူးပြန်၀တ်ပါအရှင်မ...''

''မောင်တော်အစောကိုအထင်သေးသွားလားဟင်...''

''မ၀ံ့ရဲပါဘူးဘုရားကျနော်မျိုးတောင်းပန်ပါတယ်အရှင်မအ၀တ်စားပြန်၀တ်လိုက်ပါ''

''မောင်တော်အစောအခုလိုလုပ်တာမောင်တော်ကိုနွေးထွေးမှုပေးချင်လို့ပါ...အစောကိုအထင်မသေးပါနဲ့နော်''သူမဟာမျက်ရည်ရစ်သိုင်းကာဆိုလာတော့၀သုန်တစ်ယောက်သူမအား''အရှင်မကျနော်မျိုးအရှင်မကိုအထင်မသေး၀ံ့ပါဘုရား...အရှင်မစေတနာကိုကျနော်မျိုးနားလည်ပါတယ်အခုလိုလုပ်တာကမသင့်တော်လို့ပါ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now