The God King (part55)

80 12 0
                                    

ခင်မောင်တို့အဖွဲ့တောင်မြို့ရိုးဘက်ကိုဦးတည်ကာတိုက်ခိုက်ပြီးနောက်မြို့ရိုးတံခါးကိုဖောက်ထွက်ကာတိုင်းပြည်ထဲကို၀င်ရောက်လာခဲ့လေသည်။

''ကဲဒီမှာဘဲလူစုခွဲကြမယ်ညီနောင်တို့''

''ကောင်းပြီးတပ်မှူးကြီး...''

ရဲမက်တို့နဲ့လမ်းခွဲပြီးခင်မောင်တစ်ယောက်ညကြီးလူသိပ်ချိန်မှာနန်းတော်ရဲ့လျို့၀ှက်ပေါက်ကနေပြီးတော့နန်းတော်ထဲကိုခိုး၀င်လာခဲ့လေသည်။

မနက်၀ေလီ၀ေလင်းအချိန်အခါတွင်

၀သုန်တစ်ယောက်မနက်အာရုံမတက်ခင်ကတည်းကနိုးနေကာအရှင််မမသိအောင်လိပ်ပြာဆီသိူ့ပြေးထွက်လာခဲ့လေသည်။

''ဒီအချိန်လိပ်ပြာနိုးလောက်မှာပါ...''

၀သုန်တစ်ယောက်ခိုးကြောင်ခိုး၀ှက်နဲ့ဧည့်ဆောင်တော်သို့ထွက်လာခဲ့လေသည်။

အလင်းမကျသေးတာကြောင့်ဧည့်ဆောင်တော်ကမှောင်မဲနေလေသည်။

၀သုန်ဧည့်ဆောင်တော်ထဲကို၀င်လာပြီးလိပ်ပြာကိုကောက်ရိုးပုံထဲအပ်ပျောက်သကဲ့သို့မမြင်မစမ်းနဲ့ရှာတော့သည်။

''လိပ်ပြာ..လိပ်ပြာ...''

လိပ်ပြာအိပ်နေရင်းခေါ်သံကြောင့်နားစွင့်လိုက်လေသည်။

''လိပ်ပြာ..လိပ်ပြာငယ်..''

''ဟင်...၀သုန်လား''

မသစ္စာဘေးနားမှာအိပ်စက်နေသောလိပ်ပြာက၀သုန့်အသံကြောင့်နိုးထလာခဲ့လေသည်။

''လိပ်ပြာ...''

''ဟွန်...၀သုန်အစောကြီး...''

လိပ်ပြာသမ်းရင်းပြောလိုက်လေသည်။

''ငါနင့်ကိုအရမ်းလွမ်းလို့ပါ...''ပြောရင်းလိပ်ပြာကိုဖက်လိုက်လေသည်။

''၀သုန်ဒီမှာလူတွေအိပ်နေတယ်..မနက်မှတွေ့ရအောင်..ငါလည်းအိပ်ရေးမ၀သေးဘူး...''

''လိပ်ပြာကလည်းကွာ..ငါကနင့်ကိုအရမ်းလွမ်းလို့လာတွေ့တာကိုနင်ကငြိုငြင်တာလား''၀သုန်ကဆူပုတ်ကာပြောလာတော့လိပ်ပြာအမှောင်ထဲမှာသူ့မျက်နှာမကြည့်ဘဲသိလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now