The God King (part65)

59 10 0
                                    

စစ်မြေပြင်၌လှံရှည်ကြီးကိုကိုင်ကာရန်သူတို့အား၀ှေ့ရမ်းတိုက်ခိုက်နေသောဘိုးထေတစ်ယောက်အနောက်မှရောက်နေသောသူရိယဒီပအားမမြင်ပေ။

စွပ်

အာ့

ကျောဘက်ကနေရင်ဘက်ကိုထုတ်ချင်းဖောက်ထွက်သွားသောဓားရှည်တစ်ချောင်းသို့သော်ဘိုးထေတော့မဟုတ်ပါ...

''ညီခင်..ညီလေး...''

''ဟားဟားသေသင့်တဲ့ကောင်တွေမင်းတို့ပါလာလို့ငါတို့၇ပြည်ထောင်တွေကျဆုံးရတာကွာ...''

ဘီလူးတစ်ကောင်ကဲ့သို့အော်ရယ်နေသောသူရိယဒီပဟာအောင်နိုင်သူတစ်ယောက်မော်ကြွားနေချိန်မှာခင်မောင်ပစ်လွှတ်သောမြှားချက်ကြောင့်ဘိုးထေရှေ့မှာပင်မှောက်လျက်လဲကျသွားလေတော့သည်။

''ညီခင်..ညီလေး..မင်းအားတင်းထားပါနော်ငါတို့မင်းကိုရအောင်ပြန်ခေါ်သွားမယ်...အားတင်းထားပါညီခင်..မင်းမျက်လုံးမမှိတ်လိုက်နဲ့...''

ဘိုးထေဟာညီခင်၏ရင်ဘတ်ကိုလက်နဲ့ဖိအုပ်ထားရင်းပြောနေပေမယ့်ညီခင်ဟာဘိုးထေတိူ့အားပြုံးပြရင်း''ကျုပ်မိန်း..မ..နဲ့ကလေး...ကိုစောင့်ရှောက်...ပေး..ပါ...''

ဘုတ်!!! ခင်မောင်ကိုင်ထားသောညီခင့်လက်မှာစစ်မြေပြင်ပေါ်သို့ကျဆင်းသွားလေတော့သည်။

''ညီခင်!!!!...''

''အား!!!!...ညီခင်မဟုတ်ဘူး..''
ဘိုးထေမှာတော့သူ့အသက်အားကယ်ပေးပြီးအစား၀င်ခံခဲ့သောညီခင်အားပွေ့ဖက်ကာရှိုက်ကြီးတငင်အော်ငိုတော့သည်။

''ညီခင်..ညီလေးရာမင်းဘာလို့အခုလိုလုပ်ရတာလဲ..အား...၇ပြည်ထောင်မင်းတို့တွေကိုငါဒီတသက်မကြေဘူး...မင်းတို့၇ပြည်ထောင်တွေအသေဆိုးနဲ့သေစေရမယ်...''

''၇ပြည်ထောင်!!ငါ့ညီကိုသတ်တဲ့ကောင်တွေဒီနေ့ကစပြီးမင်းတို့တွေကံဆိုးစွာသေစေရမယ်တိုက်ကြ!!!...''

တိုက်!!!အသေသတ်!!!

ရဲမက်စစ်သည်တို့ဟာဘိုးထေတို့အမိန့်အသံအဆုံးမှာချက်ချင်း၇ပြည်ထောင်ဆီသို့ချီတက်တိုက်ခိုက်တော့သည်။

သခ်ယာ၏သူရိယဒီပမင်းဟာခင်မောင်လက်ချက်နဲ့စစ်မြေပြင်မှာပင်ကျဆုံးသွားတာကြောင့်ကျန်တဲ့၄ပြည်ထောင်တို့ဟာလူဆိုးလူပေညီနောင်၅ဖော်အားထိန့်လန့်ကြောက်ရွံ့လာခဲ့လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now