The God King (part99)

83 12 0
                                    

မြူးလူမျိုးနွယ်စုတို့နေထိုင်ရာမဟာထေနုပေတတောကြီး(ထမန်းသီရွာ..)

ဒီနာမည်ကိုမှည့်ခဲ့သူကတော့ထိုတောကြီးထဲမှာလာရောက်သတင်းသုံးတော်မူသောသူတော်စင်ရသေ့ကြီးပင်...ရသေ့ကြီးဟာသီတင်းသုံးတော်မူနေချိန်အတွင်းမှာဒီတောကြီးထဲမှာကျားရဲပေါများတာကိုမြင်ပြီးဒီတောကိုမဟာထေနုပေတဟုအမည်မှည့်ခဲ့လေသည်။

မြူးလူမျိုးတို့ဟာလည်းအရှင်ရသေ့ရဲ့မှည့်ပေးသောအမည်နာမ်မကိုသဘောကျတာကြောင့်မြူးတို့ကျေးရွာကိုလည်းထမန်းတီရွာဟုအမည်မှည့်ခေါ်လာခဲ့လေသည်။

ထမန်းသီရွာကြီးကလွန်ခဲ့တဲ့၅နှစ်ထက်ပို၍စည်ကားသိုက်မြိုက်လာခဲ့လေသည်။

ကုန်သည်တွေအများစုကထမန်းသီရွာဘက်ကိုကုန်ပစ္စည်းတွေလာရောက်ပို့ဆောင်ကြပြီးမဟာထေနုပေတတောမှရရှိသောဆေးမြစ်ဆေးဥတို့ကိုလှဲလှယ်၀ယ်ယူခဲ့ကြလေသည်။

ရွာရဲ့အကြီးအကဲကဆေးမျိုးစုံဖော်စပ်တတ်သောသမီးကြီးလှယဥ်ထွေးအားဆေး၀ါးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုသမီးဖြစ်သူကိုပင်ဦးဆောင်ခိုင်းလေ့ရှိသည်။

''မယ်လှရေအထွေးကိုဆေးရွက်တွေ၀ိုင်းကြိတ်ပေးပါအုန်း...''အလုပ်သမလေးမယ်လှကိုအထွေးကဆေးကြိုနေရင်းလှမ်းခေါ်လိုက်လေသည်။

''လာပြီးအမရေ..''မယ်လှကသမီးငယ်ကိုချီပိုးရင်ရောက်လာတော့''ဟဲ့မယ်နု..ဘာလို့သမီးငယ်ကိုချီလာရတာလဲအဘနဲ့မောင်ငယ်တို့မရှိဘူးလားကွယ့်...''

''အကြီးအကဲနဲ့ခေါင်းဆောင်ကရွာအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကုန်သည်တွေဆီမှာသွားကြည့်နေတာမရှိဘူး...သမီးငယ်ကခေါင်းဆောင်နောက်လိုက်သွားချင်တယ်ပြောနေလို့မယ်နုကချော့ပေးနေရတာ''

''ဟုတ်လားသမီးလေးကဦးရီးဆီကိုသွားချင်နေတာလား''

''ဟုတ်သမီးဦးရီးတို့နဲ့လိုက်ချင်တယ်မေမေ''

''သမီးရယ်ဦးရီတို့ကအလုပ်ရှုပ်နေလို့သမီးကိုမခေါ်တာပေါ့..သမီးကအခုလိုငိုနေတော့ထွေးမယ်နုလည်းအလုပ်ကောင်းကောင်းမလုပ်ရတော့ဘူးပေါ့သမီးငယ်ရဲ့...''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now