The God King (part20)

84 11 0
                                    

မျက်ရည်များကျဆင်းလာသည်ဟုအစောခံစားရတာကြောင့်၀သူန်မျက်နှာမော့စေလိုက်တော့၀သုန်ကမျက်ရည်များနဲ့ငိုကြွေးနေသည်ကိုတွေ့ရတော့သူမရင်ကွဲမတတ်ပင်

မောင်တော်ရယ်ဘယ်အရာတွေကမောင်တော့်ကိုမျက်ရည်ကျစေတာလဲအစောသိလို့ရရင်အဲဒိအရာကိုမောင်တော်အတွက်ဖျက်ဆီးပစ်မှာ

''၀သုန်ဘာလို့ငိုနေရတာလဲ..အစောကိုပြောပြလေ''

''အစော...ကျုပ်ခနကပြောတယ်လေကျုပ်ကိုထန်းရည်မသောက်စေချင်လို့ထန်းရည်ဖြတ်ခိုင်ခဲ့သူကကျုပ်သိပ်ချစ်ရတဲ့လိပ်ပြာလေး..အခုသူဒီလောကကြီးမှာမရှိတော့ဘူး''

အော်မောင်တော်ကလိပ်ပြာဆိုတဲ့အမျိုးသမီးကြောင့်မျက်ရည်တွေကျဆင်းခဲ့တာလား..အစောသိပ်ချစ်ရတဲ့မောင်တော်ဟာသူ့သိပ်ချစ်ရသူကြောင့်အခုလိုငိုကြွေးနေသည်တဲ့အစောအတွက်ရင်နာစရာမြင်ကွင်းပါလားမောင်တော်ရယ်..

''တိတ်ပါ...မောင်တော်နှမတော်မောင်တော်ဘေးနားမှာရှိနေပြီးမို့မျက်ရည်တွေကိုသုတ်လိုက်ပါနော်..''

၀သုန်လိပ်ပြာငယ်ကိုသာအခုချိန်တမ်းတနေမိသည်။..

''အစော..ကျုပ်လိပ်ပြာကိုအရမ်းချစ်တယ်...''

မောင်တော်ရယ်အစောရဲ့အချစ်တွေကိုမမြင်လှည့်တော့ဘူးလားကွယ်
''မောင်တော်..အစောကိုကြည့်...အခုချိန်မှာမောင်တော်ဘေးနားလိပ်ပြာဆိုတဲ့သူမရှိတော့ပေမယ့်အစောမောင်တော့်ကိုအခုလိုအခြေအနေမျိုးနဲ့မမြင်ချင်ဘူးတိတ်ပါတော့နော်အစောတောင်းဆိုပါတယ်မောင်တော်ရယ်...''မျက်နှာကိုသူမလက်လေး၂ဖက်ပါးစောင်းကိုအုပ်ကိုင်ထားပြီး၀သုန်နဖူးကိုကြင်နာစွာနမ်းရှိုက်လိုက်လေသည်။

၀သုန်သူမအပြုအမူကြောင့်သူမရင်ခွင်ထဲမှာထွက်ကာမတ်တပ်ထရပ်လိုက်လေသည်။

''အချိန်လည်းမစောတော့ဘူးကျနော်တို့တွေပြန်ရအောင်နော်အစော''

''မောင်တော်အဆင်ပြေရဲ့လား...''

''ကျနော်ကိုမောင်တော်လို့မခေါ်ပါနဲ့အရှင်မနဲ့ကျနော်ကမသင့်တော်ပါဘူး..ပြန်ရအောင်နေ၀င်တော့မယ်''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now