The God King (part43)

76 11 0
                                    

ပစ္စလီကာတိုင်း၌ကြီးကျယ်ခမ်းနားသောတော်၀င်မဂ်လာပွဲတစ်ခုကိုကျင်းပနေလေသည်။မင်းသမီးလေးမြသီရိတစ်ယောက်မှာတော့အောင်နိုင်သူအပြုံးမျိုးနဲ့ကြည့်မှန်ပေါ်တွင်သူ၏အပြုံးတို့ကထင်ဟတ်နေလေသည်။

''နောက်ဆုံးတော့အမောင်ကမြကိုရှုံးသွားပြီးဘဲ...''

ပစ္စလီကာတိုင်းမှာမဂ်လာပွဲကျင်းပတာကြောင့်ကျန်တဲ့တိုင်းပြည်၆ပြည်ကမင်းတွေကတက်ရောက်လာကြလေသည်။

''နှမတော်မြသီရိနောက်ဆုံးတော့လက်ဆက်နိုင်ခဲ့ပြီး၀မ်းသာပါတယ်ညီတော်ဟေဓိ....''

''ညီတော်ရွေးချယ်တဲ့သူကရုပ်ရည်ရူပကာကစအပြစ်ပြောစရာမရှိအောင်ယောကျာ်းပီသလှပေတယ်ကွယ့်...''

မင်းတရားကြီးတွေရဲ့အဆောင်တော်မှာစကားပြောနေကြသော၆ပြည်ထောင်မင်းတို့အနားကိုလှထွေးတစ်ယောက်သစ်သီး၀လံဆက်သသူအနေနဲ့လာရောက်ကာသတင်းအခြေအနေကိုနားထောင်လေသည်။

''အကိုတော်သောနိတိုင်းရေးပြည်ရေးအခြေအနေကိုဘယ်လိုစီစဥ်ထားလဲကွယ့်..''

သောနိဓာမင်းကြီးဟာယာမကာကိုမော့သောက်ရင်း''အစီစဥ်တွေကိုအားလုံးပြုလုပ်ပြီးပြီးအခြေအနေကောင်းကိုစောင့်မျှော်နေတာကွယ့်..အောင်သော၀ေယာတိုင်းကိုထင်သလိုကျူးကျော်စစ်ခင်းလို့မရဘူးကွယ့်..''

''ဘာကြောင့်လဲအကိုတော်..''

''အောင်သော၀ေရာဆိုတာတချိန်ကနဂါးတွေနဲ့ပတ်သက်နေတဲ့တိုင်းပြည်လို့ငါကြားသိထားတယ်..ငါတို့ကျူးကျော်စစ်ကိုခင်းမယ်ဆိုနဂါးပြည်ကနဂါးတွေ၀င်ရောက်နှောင့်ယှက်မှာစိုးရတယ်...''

''ဒါဆိုဘယ်အချိန်မှကျူးကျော်စစ်ကိုခင်းမှာလဲအကိုတော်သောနိ..''ညီတော်တေနုမာကမေးလိုက်တော့အကိုတော်က

''ဂဠုန်မင်းတွေမြေပေါ်သက်ဆင်းတဲ့အချိန်ဟာငါတို့၇ပြည်ထောင်အတွက်ကောင်းသောနိမိတ်ဘဲအဲဒီအချိန်ကောင်းဘဲနဂါးတွေဟာဂဠုန်တွေရဲ့ရန်သူဘဲနဂါးတွေအောင်သော၀ေရာတိုင်းကိုမဆင်းသက်နိုင်မှငါတို့တွေအောင်သော၀ေရာကိုကျူးကျော်နိုင်မှာ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now