The God King (part5)

95 14 1
                                    

လိပ်ပြာပြောမရတဲ့သားရေထူ၀သုန်အားအိမ်ထိလိုက်ပို့စေလိုက်သည်။

''၀သုန်ငါအိမ်ရောက်ပြီးနင်ပြန်တော့''

၀သူန်ကမပြန်သေးဘဲသူမကိုအချစ်မျက်၀န်းတွေနဲ့စိုက်ကြည့်လာသည်။

''၀သုန်နင်ဘာကြည့်နေတာလဲပြန်တော့လို့''

လိပ်ပြာ၏လက်ကိုမပြောမဆိုနဲ့လှမ်းဆွဲကာနမ်းရှိုက်လိုက်သည်။

''လိပ်ပြာမောင်ကြီးနှမကိုအရမ်းချစ်တယ်...''

ပြောပြီးလှည့်ပြေးသွားသောလူလည်၀သုန်ပင်။သေချာတာတစ်ခုကလိပ်ပြာ၏လက်၀ါးစာကိုကြောက်လို့ဖြစ်မည်။

၀သုန်ပြန်လာတော့ကျောင်းမှာဆရာကကြိမ်လုံးကိုင်ကာစောင့်နေလေသည်။

''၀သုန်ပြန်လာပြီးလားဒီကိုလာပါအုန်း''

၀သုန်ဘာလဲဆိုသည့်သဘောနဲ့လှထွေးတို့ကိုလှည့်ကြည့်လာသည်။

လှထွေးကကြက်အကြောင်းဟုပုံစံပြလေသည်။

''ဆရာဘာပြောမလို့လဲဟင်''

''မင်းတို့တွေညကဘယ်သွားတာလဲမှန်မှန်ပြောစမ်း''

''ရွာထဲခနပါဆရာရဲ့''

''အေးဘယ်နားလဲပြောပါအုန်း''

''ဟို..ဟိုအရီးစောခင်အိမ်ကိုပါ''

''ဘာသွားလုပ်တာလဲ''

''ဘူးသီးသွားယူတာလေကိုလွမ်းမောင်ကိုပြောခဲ့တာဘဲ''

''ဟေ့ကောင်မင်းမလိမ်နဲ့မင်းတို့၅ကောင်ဒီနေ့ဘာတွေလုပ်ထားလဲမှန်မှန်ပြော...''

''ကျုပ်တို့ဘာလုပ်မိလို့လဲဗျာ..''

''ရွာကသူကြီးခြံကတိုက်ကြက်ပျောက်သွားလို့အဲဒါမင်းတို့လက်ချက်မလားမှန်မှန်ပြောစမ်း''

ဆရာသိသွားပြီးပေါ့..ဟူးးဆရာကလည်းသိတာမြန်ထာ...

''ကျုပ်တို့ကဒီတိုင်းပျော်စေချင်''

''တိတ်!!!မင်းတို့ပျော်တာတခြားအရာတွေနဲ့ပျော်ပါလားဘယ်နှယ်သူကြီးပိုင်တိုက်ကြက်ကိုမှခိုးရတယ်လို့ကွာ...''

''ဆရာရယ်ကျုပ်တို့ကခိုးချင်လို့ခိုးတာမှမဟုတ်တာဗျာ...ကြက်သားမစားရတာကြာလို့ခိုးမိတာ''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now