The God King (part41)

78 11 0
                                    

၀သုန်ထွက်သွားပြီးမကြာပေ။လိပ်ပြာဦးခမ်းနောင်ဆီသို့ရောက်လာပြီး၀သုန့်အားမေးတော့''ဟင်းး..၀သုန်အခုဘဲအောင်သော၀ေရာကိုထွက်ခွာသွားခဲ့ပြီးသမီးလေး...''

ဦးခမ်းနောင်တစ်ယောက်သက်ပြင်းချကာခေါင်းခါလိုက်လေသည်။

''အဘ...အဘ...လိပ်ပြာကိုသူဘာကြောင့်ထားခဲ့ရတာလဲဟင်အဘ''

လိပ်ပြာစိုးထိတ်မှုတို့နဲ့မေးလာတော့ဦးခမ်းနောင်ဟာ၀သုန်ပြောခဲ့သည့်အတိုင်းပင်သူမအားပြန်လည်ပြောပြတော့''မဟုတ်ပါဘူးအဘရယ်...လိပ်ပြာကိုသူရကအတင်းအကြပ်ပြုမူလို့ပါလိပ်ပြာသဘောဆန္ဒမပါခဲ့ဘူး...၀သုန်အဲဒီမြင်ကွင်းကြောင့်လိပ်ပြာကိုထားရစ်ခဲ့တာလား..အကြောင်းအမှန်ကိုလိပ်ပြာပြောပြချင်တယ်အဘရယ်..အဘလိပ်ပြာ၀သုန်နောက်လိုက်သွားပါရစေ''

ဦးခမ်းနောင်ထွက်သွားတော့မယ့်လိပ်ပြာအားဆွဲထားကာ''သမီးမိုးလည်းချုပ်နေပြီးမနက်ဖြန်မှအဘကိုယ်တိုင်သမီးကိုလိုက်ပို့ပေးမယ်အခုတော့သမီးစိတ်ကိုဖြေပါကွယ်...''

လိပ်ပြာဘယ်လိုလုပ်စိတ်ဖြေနိုင်မှာလဲ..၀သုန်ကလိပ်ပြာကိုအထင်လွဲမှားပြီးထွက်သွားခဲ့တာလေ..လိပ်ပြာကသူ့ကိုသစ္စာဖောက်သလိုမြင်ကွင်းမျိုးကိုသူ့ကိုမြင်တွေ့စေမိခဲ့တယ်..၀သုန်ရယ်..ငါတောင်းပန်ပါတယ်ငါ့ဆီကနေတခြားကိုမထွက်သွားပါနဲ့...

တောထဲမှာတော့ညကြီးမင်းကြီးမြင်းဖြူကိုစီးနှင်းကာဒုန်းစိုင်းမောင်းလာသော၀သုန်တစ်ယောက်မျက်လုံးအိမ်မှမျက်ရည်များစီးကျနေတာကြောင့်အရှေ့ဘက်မြင်ကွင်းတွေဟာ၀ေ၀ါးလာခဲ့လေသည်။

''လူလေး''

၀သုန်၏အရှေ့ဘက်မှာရပ်နေသောဘရသေ့ကိုတွေ့တော့မြင်းကြိုးဆွဲလိုက်လေသည်။

ဟီးးး

''ဘရသေ့..''

ဘရသေ့က၀သုန်အားပြုံးပြရင်း''လူလေး၀မ်းနည်းစရာကိစ္စတွေရှိခဲ့လို့လားကွယ်...''၀သုန်ငိုနေတာကြောင့်ဘရသေ့ကမေးလိုက်လေသည်။

''တင်ပါ့..တပည့်တော်၀မ်းနည်းမှုနဲ့ကြုံတွေ့လာခဲ့ရလို့ပါဘုရား''

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now