The God King (part74)

68 10 0
                                    

သွေးရိုင်းနယ်မြေသွေးရိုင်းမျိုးနွယ်စုကျေးရွာ..

''အရှင်မ..ကျုပ်တို့တောတက်သွားတာတော၀က်မာန်စွယ်၂ခုရခဲ့တယ်..အရှင်မအဖို့လာပေးတာပါ..''နွယ်၀ေသိုင်းကျင့်ကြံနေရင်းထိုလူပြောစကားကိုနားထောင်နေလေသည်။.

ဓားကိုမြေပြင်ပေါ်သို့စိုက်ထူပြီးနောက်''တော၀က်မာန်ကိုငါအလိုမရှိဘူး..တခြားလိူအပ်မယ့်သူတွေကိုပေးလိုက်ပါ...''

''ဟူတ်ကဲ့အရှင််မ...''ထိုလူငယ်လေးဟာအသက်၈နှစ်မျှသာရှိသေးသည်။သွေးရိုင်းမျိုးနွယ်၀င်တို့အတွက်လိုအပ်ဆုံးအရာကသတ်ရဲဖြတ်ရဲသည့်စိတ်တို့ရှိနေရမည်။အသက်၇နှစ်သားအရွယ်ကစပြီးသတ်ဖြတ်ချင်စိတ်တို့ကိုမိဘတွေကမွေးမြူပေးကြတာကြောင့်တောကြီးမျက်မဲတွေထဲကိုအမဲလိုက်ထွက်ရင်ကလေးငယ်ကိုခေါ်သွားတတ်ကြသည်။

နွယ်၀ေဓားကစားပြီးတော့ညနေပိုင်းအချိန်စမ်းချောင်းဘက်သို့ရေချိုးရန်ထွက်လာခဲ့လေသည်။

ရွတ်!!!ရွှတ်!!..ချွတ်...

သစ်သားကိုဓားနဲ့လှီးဖြတ်နေသံကသူမရေချိုးနေသောစမ်းချောင်းအနီးအနားကနေကြားရလေသည်။

နွယ်၀ေရေချိုးနေချိန်သွေးရိုင်းမျိုးနွယ်စုဒီနေရာကိုမလာတတ်ပေ။စည်းကမ်းချမှတ်ထားတာကြောင့်လွန်ဆန်ပါကသေမိန့်ပေးခံရမည်။

ထို့ကြောင့်ဒီနေရာမှာအသံကြားနေရတာဟာသွေးရိုင်းလူမျိုးတော့မဖြစ်နိုင်ပါ..သူစိမ်းလူဖြစ်လိမ့်မည်။

နွယ်၀ေတိရိစ္ဆာန်၏သားရေကိုလစ်ဟင်းနေသောသူမကိုယ်ပေါ်သို့လွှမ်းခြုံကာကိုင်ဆောင်နေကျဓားရှည်ကိုကိုင်ဆောင်ပြီးထိုအသံကြားရာဆီသို့တဖြည်းဖြည်းတိုးကပ်လာခဲ့လေသည်၊

ရွှတ်..ချွတ်!!..

အသံကသူမရောက်လာသည်နှင့်တိတ်ဆိတ်သွားလေသည်။

နွယ်၀ေကတော့မကြောက်ပါသူမစွန့်စားခဲ့ရတာတွေနဲ့စာရင်ဒီအရာကမပြောပလောက်ပါဘူး...

''အသင်ဘယ်သူလဲဘာလို့ဒီမှာရှိနေတာလဲ''

ထိုလူကသူမစကားကိုနားထောင်နေပုံရသည်ပြီးမှသစ်ကိုသူမရှိရာဆီသို့ပစ်ပေးလိုက်လေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now