The God King (part85)

66 13 0
                                    

ဗိုက်နာလာသောဇနီးသည်ကြောင့်ခင်မောင်မှာရဲမက်တို့အားလက်သည်ခေါ်ဖို့ကိုပြောရတော့သည်၊

နန်းတွင်းအပျိုတော်များနဲ့လိပ်ပြာပါရောက်လာလေသည်။

''ကိုခင်မောင်..အမဘယ်လိုဖြစ်တာလဲ''

''ရုတ်တရက်ဗိုက်နာလို့လုပ်ပါအုန်း''

''အင်းလိပ်ပြာတို့မိန်းမသားတွေလုပ်ပေးမယ်ကိုခင်မောင်တို့တွေဒီကနေထွက်သွားပေးပါ..''

ခင်မောင်လည်းရဲမက်တွေကိုခေါ်ပြီးအဆောင်ထဲမှထွက်လာခဲ့လေသည်။

''အား..အမေ့...နာတယ်..''

''မမမြညှစ်...''

''နာတယ်...အားးးး''

''မင်းသမီးလေးညှစ်ထားပါ...''

အားးးးး

မြသီရိတစ်ယောက်အားကုန်အောင်ညှစ်နေလေသည်။

ဇနီးသည်ရဲ့နာကျင်စွာအော်သံကအပြင်မှာရှိနေတဲ့ခင်မောင့်နားထဲကြားရတော့ခင်မောင်လည်းမနေနိုင်တော့ပေ။အဆောင်တော်ထဲကို၀င်ဖို့လုပ်တော့လှထွေးကရောက်လာပြီးတားလေသည်။

''ကိုခင်မောင်ဘယ်လဲ..သွားလို့မရဘူး''

''မြနာလို့အော်နေတာငါမနေနိုင်ဘူးလှထွေး''

''မီးဖွားနေတာလေနာမှာပေါ့ကိုခင်မောင်ရယ်...ကဲပါလာပါဗျာ...ဒီကနေဘဲအခြေအနေကိုစောင့်ကြည့်ကြတာပေါ့...''

''ကလေးမီးဖွားနေတာလား''သုခကလှထွေးဘေးနားမှာထိုင်လိုက်ပြီးမေးလိုက်လေသည်။

''ဟုတ်တယ်အမိရဲ့...''

''လူသားတွေကလေးမွေးဖွားတာကထူးဆန်းတယ်နော်လူအများကြီးနဲ့..တို့တွေဆီမှာအဲလိုမဟုတ်ဘူး..''

''ဘယ်တူပါ့မလဲအမိတို့ကနဂါးလေ..ကျနော်တို့ကလူသားတွေလေ...''

သုခတစ်ယောက်ကလေးမီးဖွားနေရအခန်းဆီသို့လျှောက်သွားလေသည်။

''ဟေ့အမိဘယ်လဲ''

''ကျမစိတ်၀င်စားလို့၀င်ကြည့်မလို့..''

''ဟာ...''လှထွေးတစ်ယောက်ပြောမလို့စကားစရုံပင်ရှိသေးတယ်အမိကအဆောင်တော်ထဲကို၀င်သွားလေသည်။

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Donde viven las historias. Descúbrelo ahora