The God King (part46)

70 11 0
                                    

ပေနု၀ိယာတိုင်းကျဆုံးသည်ဟာ၆ပြည်ထောင်အတွက်အတော်လေးတုန်လှုပ်စေခဲ့သည်။ပေနုယာ၀ေတိုင်းက၇ပြည်ထောင်ထဲတွင်အသေးငယ်ဆုံးဖြစ်ပေမယ့်အောင်သော၀ေရာတိုင်းထက်သာလွန်တဲ့စစ်မက်အင်အားကိုပိုင်ဆိုင်ထားသောတိုင်းတပြည်ပင်...သို့သော်သူတို့မထင်မှတ်ထားစွာပင်အောင်သော၀ေရာလက်အောက်ကိုကျရှုံးသွားခဲ့ရလေသည်။

''အကိုတော်သောနိဓာကျွန်ုပ်တို့တွေဒီအတိုင်းငြိမ်နေလို့မဖြစ်ပေဘူး...စီစဥ်သင့်တာလည်းစီစဥ်ပြီးကုန်ပြီးအောင်သော၀ေရာကိုကျူးကျော်စစ်ခင်းဖို့စတင်သင့်ပြီး''

ညီတော်သူရိယကပြောလာလေသည်။

သူရိယဒီပဟာဒခ်ယာတိုင်းပြည်၏မင်းတပါး...ရက်စက်ကြမ်းကြုတ်သလိုစစ်ပွဲအတွက်သွေးဆူနေတတ်လေသည်။

''နောင်တော်သူရိယကစိတ်ဆန္ဒတွေစောနေတာဘဲ...ပေနု၀ိယာလိုအဆုံးသတ်ချင်နေတာလား''

''၀ဏ္ဏ.ငါ့ကိုယ်တော်ကိုအခုလိုပြောစရာမလိုဘူး
ပေနု၀ိယာတိုင်းကမင်းကသတိကင်းမဲ့ ခဲ့လို့အောင်သော၀ေရာရဲ့ကျူးကျော်ခြင်းကိုခံခဲ့ရတာပေါ့...ငါကိုယ်တော်လိုတိုင်းပြည်အတွက်သတိကြီးကြီးထားနိုင်သူကအဲဒီလိုဖြစ်မှာမဟုတ်ဘူးကွ...''

ပေနုယာဘာကြောင့်အရေးနိမ့်ရသလဲဆိုတာ၆ပြည်ထောင်မင်းတွေလည်းမသိပါချေ

နေ၀ါယာဒါမင်းကသူ၏အမတော်နဲ့ပတ်သက်တဲ့အကြောင်းတွေကို၇ပြည်ထောင်တွေဆုံတွေ့ကြတိုင်းမပြောပြခဲ့ပါ..သူ့ဆီမှာအောင်သော၀ေရာ၏အရှင်မရှိနေသည်ကိုလည်းမပြောပြခဲ့ပါ

[နေ၀ိယာဒါမင်းရဲ့ရည်ရွယ်ချက်ကတော့အောင်သော၀ေရာကိုညီတော်တပ်မှူးချုပ်နေဇာကိုနန်းမြောက်ပြီးအမတော်ကိုနန်းချမည်။ပြီးလျှင်အောင်သော၀ေရာကိုသူ၏တိုင်းပြည်ဖြစ်တဲ့ပေနု၀ိယာနဲ့ပေါင်းစည်းပေလိမ့်မည်။ဒါဆိုတိုင်းပြည်၂ခုရဲ့အင်အားဟာ၆ပြည်ထောင်ရဲ့အင်အားကိုယှဥ်နိုင်သည့်အနေအထားကိုရောက်သွားမည်။...နေ၀ိယာဒါက၆ပြည်ထောင်နဲ့ပူးပေါင်းတဲ့ရည်ရွယ်ချက်ကတိုင်းပြည်အားလုံးကိုပေါင်းစည်းပြီးအုပ်ချုပ်တဲ့ဧကရာဇ်တပါးဖြစ်ချင်လို့ပါဘဲ..ဒါပေမယ့်နေ၀ိယာဒါကတော့၀သုန်ရဲ့ဓားချက်နဲ့ပင်သူ့တိုင်းသူ့ပြည်နတ်ရွာစံသွားလေသည်။]

THE GOD KING (or) ခုနှစ်ပြည်ထောင်၏လူဆိုးလူပေမင်း၀သုန်Where stories live. Discover now